အပိုင်း (၂၁)
Unicode Version
အတိတ်ကာလ-“အန်ဂျလာ ထိုင်ပါ”
မိတ်ကပ်လိမ်းခြယ်ပေးသည့် အခန်းလေးထဲ ဝင်ခဲ့တော့ ဂျီမင်းလည်း ရောက်နေတာကို တွေ့လိုက်ရသည်။ အန်ဂျလာသည် ဂျီမင်းအား နောက်ကျောပေးပြီး မှန်ပြင်ကြီးရှေ့ ဝင်ထိုင်လိုက်သည်။
မှန်ထဲကတဆင့် မြင်နေရသည့် ဂျီမင်းက မျက်လုံးတွေကို မှေးမှိတ်ထားရင်း ပြင်ဆင်ခြယ်သပေးနေသည်ကို ငြိမ်ခံနေလေသည်။ ပတ်ဂျီမင်းက လှလိုက်တာ။
ကြည့်နေတုန်းမှာပဲ ပတ်ဂျီမင်းက ဆတ်ခနဲ မျက်လုံးပွင့်လာသည်။ မှန်ပြင်တွေကို ကြားခံနယ်အဖြစ်ထားရင်း ပြိုင်ဖက်နှစ်ယောက်သည် တစ်ဦးကိုတစ်ဦး စိုက်ကြည့်နေခဲ့မိသည်။ ပြီးနောက် အိန္ဒြေရရပဲ အကြည့်ပြန်လွှဲသွားသည့် အန်ဂျလာ။
“ဂျီမင်း ဘာစားခဲ့ပြီးပြီလဲ”
“နောက်ကျမှ အိပ်ရာထလို့ မစားရသေးဘူး”
“ဒါဆို ကျွန်မတစ်ခုခုပြေးဝယ်လိုက်မယ်လေ”
ဝန်ထမ်းလေးက အလိုက်တသိဆိုလိုက်ပေမဲ့ ဂျီမင်းက ခေါင်းခါပြသည်။
“နေပါစေ။ ပွဲပြီးမှ စားလိုက်မယ်”
ဂျီမင်းက ငြင်းသည့်အခါ ဇွတ်အတင်းလည်း မပြောရဲတာမို့ ဝန်ထမ်းလေးဟာ ငြိမ်သွားခဲ့သည်။ သိပ်မကြာခင်အချိန်မှာပဲ အန်ဂျလာသည်လည်း ပြင်ဆင်မှု ပြီးဆုံးသွားခဲ့ကာ အခန်းလေးထဲ သူတို့နှစ်ယောက်ပဲ ကျန်ရစ်ခဲ့သည်။
ပွဲတစ်ပွဲတည်းမှာ ဒိတ်ဒိတ်ကြဲဖြစ်သည့် သူတို့နှစ်ယောက်ကိုမှ ဖိတ်ကြားထားခဲ့တာမို့ ပတ်ဝန်းကျင်ရှိ လေထုက အနည်းငယ်တော့ အနေရခက်စေသည်။ ဆက်ဆံရေးမကောင်းကြဘူးလို့ သိထားတဲ့ လူနှစ်ယောက်ကို တစ်ခန်းတည်းမှာ ထည့်ထားတာ အဆင်ပြေပါ့မလားလေ။
ဘုတ်ခနဲ မြည်သံနဲ့အတူ အသားညှပ်ပေါင်မုန့်တစ်ထုပ်က ဂျီမင်းထိုင်နေသည့် ရှေ့ကစားပွဲပေါ် ပြုတ်ကျလာသည်။ ပြုတ်ကျလာတယ်တော့ရယ်လည်း ဘယ်ဟုတ်ပါ့မလဲ။ ပစ်တင်ပေးလိုက်တဲ့ တစ်စုံတစ်ယောက်ရှိနေလို့ပေါ့။
YOU ARE READING
ချစ်ကြိုး
Fanfictionအချစ်က အသိခက်တဲ့ ကဗျာလေးပဲ...။ Highest Ranking #1 in kookmin (11.12.22)