အပိုင်း (၁၆)
Unicode Version
“မောင် ပြန်လာပြီလား”
“ဟုတ်ကဲ့ ပြန်ရောက်ပါပြီ”
“နောက်ကျနေသလားလို့”
“ဟုတ်တယ် အသိတစ်ယောက်က ညစာဖိတ်ကျွေးလို့ တစ်ခါတည်းစားခဲ့တာ”
“အော်”
တစ်ချိန်လုံး မောင့်ကားတည်နေရာကို ခြေရာခံစက်ကတဆင့် စောင့်ကြည့်နေခဲ့တာမို့ ဒီအဖြေအတွက် ဂျီမင်းက ထူးထူးခြားခြား အံ့ဩနေတာမျိုးတော့မရှိ။
“ဒီလိုဆို ကိုယ် ထမင်းပွဲတွေ ပြန်သိမ်းလိုက်ဦးမယ်”
“ဟင် ပြင်ထားတာလား”
“အပြင်မှာ ညစာစားခဲ့မယ်လို့ မောင် မပြောခဲ့ဘူးလေ”
ဂျောင်ကုတစ်ယောက် သေစမ်းဆိုပြီး သူ့နဖူးသူ လက်နဲ့ရိုက်လိုက်မိသွားသည်။ ဘယ်လိုဖြစ်ပြီး ဒီကိစ္စကိုမှ ဂျီမင်းကို ပြောပြဖို့ မေ့နေခဲ့ရတာလဲ။
“ဂျီမင်း မောင်တောင်းပန်ပါတယ်”
ဂျီမင်းက ဘာမှပြန်မဖြေဘူး။ စားပွဲပေါ်က သိမ်းစရာရှိတာတွေကိုပဲ ဆက်တိုက်သိမ်းနေပြီး တိတ်ဆိတ်လွန်းနေခဲ့သည်။
“ဂျီမင်း မောင့်ကိုစိတ်ဆိုးသွားတာလား။ မောင် တောင်းပန်ပါတယ် ဂျီမင်းရယ်”
ဆက်တိုက်တောင်းပန်နေတဲ့ မောင့်အသံကလွဲလို့ အိမ်ကလေးဟာ တိတ်ဆိတ်မြဲ တိတ်ဆိတ်နေဆဲ။
“ဂျီမင်း မောင့်ကို တစ်ခုခုပြန်ပြောပါဦး”
“ကိုယ် မောင့်ကို စိတ်မဆိုးပါဘူး”
နောက်ဆုံးတော့ ဂျီမင်းဆီက အသံထွက်လာခဲ့သည်။ မူပိုင်အပြုံးများနှင့် ဂျီမင်းဟာ သူ့ကို လှည့်ပြုံးပြရင်း စိတ်မဆိုးကြောင်း ပြန်ဖြေလာသည်။ တော်သေးလို့.....တော်သေးလို့ပေါ့။
“တော်ပါသေးတယ်။ ဒါပေမဲ့ မောင် သိပြီးသားပါ၊ ဂျီမင်းက နားလည်ပေးမယ်လို့”
မောင်က အခုမှ စိတ်အေးသွားသလို ဟူးခနဲ သက်ပြင်းချရင်း သူ့ရင်ဘတ်ကို သူဖိကာ ဆိုသည်။ ဂျီမင်းကတော့ မောင့်အဖြစ်ကိုကြည့်ကာ ခပ်ဟဟရယ်ရင်း ဘေစင်ရှိရာကို ထွက်သွားရင်း လက်ဆေးလို့နေသည်။
YOU ARE READING
ချစ်ကြိုး
Fanfictionအချစ်က အသိခက်တဲ့ ကဗျာလေးပဲ...။ Highest Ranking #1 in kookmin (11.12.22)