အပိုင်း (၁၉)
Unicode Version
Mood Music - You're cold by Heize"ဂျီမင်း မောင့်ကိုကြည့်"
မောင်က ကင်မရာတစ်လက်ကို လည်ပင်းမှာဆွဲထားရင်း သူ့ကို လှမ်းခေါ်လာသည်။ သူ လှည့်ကြည့်လိုက်သည်ဆိုရင်ပဲ မောင်က သူ့ပုံရိပ်များကို ကင်မရာကတဆင့် ဖမ်းယူတော့သည်။
စိတ်လွတ်ကိုယ်လွတ် အဆင့်ဆင့်ပြုံးရယ်နေသော သူ့ဓာတ်ပုံများက မောင့်ကင်မရာလေးထဲမှာ သိမ်းဆည်းခံလိုက်ရသည်။
"လျှောက်ပြေးနေရတာ မောပြီမလား"
မောင်က အနားလျှောက်လာရင်း မော်ဒယ်လှလှလေးကို မေးခွန်းထုတ်သည်။ ဂျီမင်းက မောင့်အမေးကို ခေါင်းယမ်းပြရင်း သွားတန်းဖြူဖြူလေးတွေပေါ်အောင် ရယ်မောလို့နေမြဲ။
ဒီတစ်ကြိမ်နဲ့ဆို ဘယ်နှခေါက်မြောက်မှန်း မသိတော့ဘူး။ နံရံဖြူဖြူပေါ်မှာ ထပ်ကာထပ်ကာ အစကပြန်လာနေသည့် မောင်နဲ့သူ့ရဲ့ video အပိုင်းအစလေးတွေ။
ဂျီမင်းသည် တစ်ညလုံးနီးပါး အခန်းတံခါးပိတ်ကာ ထိုvideoများကိုပဲ ထပ်တလဲလဲ ပြန်ကြည့်နေခဲ့သည်။
"ဂျီမင်း....ဂျီမင်း မောင့်ကို တံခါးဖွင့်ပေးပါ"
အခန်းအပြင်ဘက်ဆီက မောင့်အသံနှင့် တံခါးခေါက်သံတွေက ရပ်မသွားသေးဘဲ ဆက်တိုက်ဆိုသလို။ ဆွန်းလေးရဲ့ငိုသံတွေကိုလည်း ကြားနေရသည်။
"ဂျီမင်း တံခါးဖွင့်ပေးပါကွာ"
အပြင်လောကနှင့် ဆန့်ကျင်ဘက်ဖြစ်သည့် အခန်းလေးထဲမှာတော့ ဂျီမင်းရဲ့ ရယ်သံတွေနဲ့ မောင့်စကားသံတွေက ဆက်တိုက်ပျံ့လွင့်နေခဲ့သည်။ ဂျီမင်းဟာ လက်တွေ့ကမ္ဘာကို ခံနိုင်ရည်မရှိတော့သည့်အခါ videoလေးတွေထဲက ကမ္ဘာဆီကို ထွက်ပြေးလာခဲ့ဟန်ပေါ်ပါသည်။
အခန်းအပြင်က ခေါ်သံတွေ ဘာတစ်ခုမှ ဂျီမင်းနားထဲ မရောက်ခဲ့ပါ။ နံရံပေါ်က ပုံရိပ်တွေကိုသာ မျက်တောင်မခတ်တမ်း လိုက်ငေးကြည့်နေရင်း ပြုံးနေခဲ့သည်။ ဒီအချိန် ဂျီမင်းမှာ နာကျင်ရတာတွေ မရှိခဲ့ဘူး။ ပန်းပွင့်တွေ မအန်ဘူး။
STAI LEGGENDO
ချစ်ကြိုး
Fanfictionအချစ်က အသိခက်တဲ့ ကဗျာလေးပဲ...။ Highest Ranking #1 in kookmin (11.12.22)