part 1🍎

1.7K 44 0
                                    

( Unicode)

မနက်ဖြန် ဆယ်တန်းအောင်စာရင်း
ထွက်တော့မှာမို့ ဖေကြီးကော မေမေကပါအတော်လေး စိတ်လှုပ်ရှားနေကြတယ်

သွန်းကတော့ကိုယ့်ကိုယုံကြည်တော့
အရမ်းကြီးတော့စိတ်မလှုပ်ရှားဘူး
အဲ့ဒါကြောင့် အောင်စာရင်းကို
ညတွင်းချင်း သွားကြည့်ကြတယ်
ကျောင်းဝန်းထဲမှာလည်း မိဘတွေကောကျောင်းသားတွေပါစိတ်လှုပ်ရှားနေကြသည် ဆယ်တန်းဆိုတာကသွန်းတို့နိုင်ငံမှာက ဘဝအတွက်အဆုံးအဖြတ်ပေးနိုင်တယ်လို့
လူတွေရဲ့စိတ်မှာကသတ်မှတ်ထားကြပေ၏

အောင်စာရင်း နာမည်ရှာတော့ မေမေက
ထိပ်ဆုံးကအရင်သွားကြည့်ပြီး
ဖေဖေနဲ့သွန်းတို့တောင် တိုးဝှေ့နေတုန်း
မေမေကတော့ကြည့်ပြီးသွားပြီ
မေမေပြောလိုက်တဲ့ စကားကဖေဖေ
အတွက်ကော ကိုယ့်အတွက်ပါဝမ်းသာ
စရာဖြစ်တယ် မေမေကပျော်ရွှင်မှုတွေဖုံး
နေတဲ့အသံလေးနဲ့ အော်ပြောလိုက်တယ်

"ကိုမိုးမြင့်ရေကျွန်မတို့သားလေးက
ဂုဏ်ထူးကခြောက်ဘာသာတောင်ရှင့် "

"ခြောက်ဘာသာတောင် ကျွန်မသားလေး
ကအရမ်း တော်တာဘဲ "

ဖေကြီးကလည်းအမေ့ကိုအားကျမခံ

"ကိုယ့်သားတော်တာကိုယ်သိပါတယ်
ကွာအဲ့ဒါဘယ်သူ့ကြောင့်လည်း
ကျွန်မသားလေးကိုကျွန်မက
ကောင်းကောင်းမွန်မွန်ပျိုးထောင်
ခဲ့လို့ပေါ့ "

"ဟုတ်ပါပြီကွာ မင်းပြုစုပျိုးထောင်
တာတော်လို့ပါ လာသားရေ
အိမ်ပြန်ကြရအောင် မနက်
၂နာရီဆိုတော့အိပ်ချိန်တောင်ကျော်
နေပြီ ငါ့သားလည်းပင်ပန်းလောက်ရော့ပေါ့"

အိမ်ပြန်လမ်းမှာလည်း  ဝမ်းသာ
ပျော်ရွင်တဲ့မိဘရှိသလို စိတ်မကောင်း
ဖြစ်တဲ့မိဘတွေလည်းရှိကြတယ်
အိမ်ပြန်ရောက်တော့ မေမေနဲ့ဖေဖေ
လည်းအသက်ကြီးတော့ပင်ပန်းလာတော့
အခန်းထဲဝင်ပြီးအိပ်တော့တာဘဲ

သွန်းလည်းကိုယ့်အခန်းကိုယ်သွား
ပြီးအိပ်လိုက်တော့တယ်
မနက်မိုးလင်းတော့ဖေကြီးက
လည်းပိတ်ရက်မို့ အိပ်လိုက်တာ
မနက်၈နာရီမှဘဲနိုးတော့သည်

မင်းတစ်ယောက်တည်းကသာကိုယ့်ရဲ့ကမ္ဘာOù les histoires vivent. Découvrez maintenant