Part 28

195 13 0
                                    

{Unicode}

အစေးကပ်ပြီး ချိုမြိန်သောနေ့ရက်များဟာ
တဖြည်းဖြည်း ကုန်ဆုံးလာခဲ့ပြီ အချိန်ဆို
သော ယန္တာယားကြီးဟာ အမြဲရွေ့လျားနေ
မြဲ နောက်ရက်တွေမှာ ဘာဖြစ်နိုင်မှန်း မသိ
နိုင်တဲ့ နေဝင်ချိန်တွေ နေထွက်ချိန်တွေမှာ
အမုန်း တွေလက်စားချေမှုတွေမရှိဘဲ ကုန်
ဆုံးသင့်သော်လည်း လောကကြီးရဲ့ သား
ကောင်တွေကတော့ ထိုကဲ့သို့မဟုတ် စွမိသူ
ကစွခဲ့တာကြောင့် တန်ပြန်အကျိုးသက်ရောက်
မှုဟာ ရှိမြဲပင်ဖြစ်သည်

ဂုဏ်ရှိန်ခန့်၏ အလုပ်ခန်းအတွင်းသို့ ခွန်းနိုင်
ဖိုင်တွဲများကို ကိုင်ကာဝင်ရောက်လာလေ
သည်

"  CEO ခင်ဗျာ ဒီနေ့ ဟိုလူကိုသွားကြည့်
ရမဲ့နေ့ပါ နောက်ဒါတွေကတော့ အချက်
အလက်တွေစုဆောင်းထားတဲ့ ဖိုင်ပါ "

"ကိုယ်သိပြီ တခြားသူမရှိရင်တော့ပေါ့
ပေါ့ပါးပါး ကိုခန့်လို့ဘဲ ခေါ်ပါ မင်းကတော့"

" ဟုတ်ကဲ့ပါ  "

" ဒါဆိုသွားကြရအောင်  "

ကားဟာ ဂုဏ်ရှိန်ခန့်တို့ ဖွင့်ထားသည့် ကိုယ်
ပိုင်ဆေးရုံသို့ ရောက်ရှိခဲ့ပြီ ထိုလူကိုတော့
လျှို့ဝှက်အဆောင်တွင် ထားသည် တဖြည်း
ဖြည်း လျှောက်လမ်း အတိုင်းလျှောက်လှမ်း
ခဲ့ရာ ထိုလူ၏ အခန်းရှေ့သို့ပင်ရောက်ရှိခဲ့
ချေပြီ ဂုဏ်ရှိန်ခန့်ကော ခွန်းနောင်နှစ်ယောက်
လုံးသည် သက်ပြင်းခပ်ဖွဖွချလိုက်လေပြီး
တစ်ယောက်နှင့် တစ်ယောက်ခေါင်းညိမ့်
ပြကာ ထိုလူ၏ အခန်းတွင်းသို့ ဝင်ရောက်
ခဲ့လေသည်

အခန်းအတွင်းရှိ ကုတင်ပေါ်တွင် ထိုလူဟာ
ထိုင်လျှက်ရှိနေသည် အရင်လိုဝဖြိုးခြင်းမရှိ
ပိန်ကြုံနေကာ အသက်ကြီးလာတာကြောင့်
ပါးရည်တွေဟာလည်း တွန့်နေချေပြီ ခေါင်း
သည်လည်း ကတုံးတုံးပေးထားလေသည်
ပြောင်းလဲလာသော ထိုလူ၏အသွင်အပြင်
ဟာ တစ်ချိန်က ဂုဏ်ရှိန်ခန့်မိခင်နှင့်အတူ
အောင်မြင်မှုတွေစွတ်ခူးကာ အောင်မြင်ခဲ့
သော စီးပွားရေးသမားကြီး ဦး​ေဋ္ဌးမြင့်လို့
ပြောခဲ့ရင် မည်သူမျှယုံမည်မဟုတ်ပေ အရင်
လို လုံးဝမတူတော့ဘဲ အရူးတစ်ပိုင်ပုံနဲ့သူ့ကို
ဦး​ေဋ္ဌးမြင့် ဆိုတာလူတွေမေ့လျှော့နေခဲ့ပြီ

မင်းတစ်ယောက်တည်းကသာကိုယ့်ရဲ့ကမ္ဘာDonde viven las historias. Descúbrelo ahora