part 6🍇

468 14 0
                                    

(Unicode)

သွန်းရဲ့ အတွေးတွေထဲမှာတော့ ဒီကောင်
လေးက  နေရာတဖြည်းဖြည်းယူနိုင်လာ
တော့ သွန်းအနည်းငယ် သတိထားမိသည် 
ဘာကြောင့်မှန်းမသိပေမဲ့ ဒီကောင်လေးအကြောင်းကိုတော့ စပ်စုချင်မိတယ်
ဒီကလေးဟာ အရမ်းရင့်ကျက်တဲ့
အပြင် တည်တည်ကြည်ကြည်လေးရှိသည်

လူမှုရေးမှာတော့ ပေါင်းရခက်လှသည်
သွန်းလည်းသူနဲ့ တွေ့မှဘဲ စပ်စုစိမ် ကြီးဖြစ်
နေချေ၏

သွန်းညနေမိုးချုပ်တော့ ဖေကြီးဆီဖုန်း
ဆက်ပေမဲ့ ကားပေါ်မှာဘဲရှိသေးတော့
လိုင်းမကောင်းပြီး ဘာမှမကြားရဘူး
အဲ့ဒါကြောင့် ပြင်ဦးလွင်ရောက်မှဘဲ
ဖုန်းဆက်ရန်တွေးလိုက်တော့သည် 
ထမင်းစားပြီး မေမေထားနှင့်အတူရုပ်ရှင်
ကြည့်ကာ ည၁၀နာရီထိုးမှ
အိမ်ရာဝင်ဖို့ သွားတော့သည်
မေမေထားမှ သွန်းနွားနို့သောက်ဖို့
မမေ့ရန်လည်း သတိပေးသေးသည်

သွန်းအခန်းထဲ ပြန်ရောက်တော့ ဟို
ကောင်လေးကို လှမ်းကြည့်ဖို့လည်း
မမေ့ပေ ဒီနေ့တော့သူ့အခန်းကန့်လန်
ကာတွေကို အရင်နေ့ကလို တစ်ဝက်
ချထားတာမျိုးမဟုတ်ဘဲ မှန်အပြည့်
လှန်ထားလေသည် သူ့အိပ်ခန်းမှန် လေးတွေ
က အကြည်ရောင်ဆိုတော့ တစ်ခန်းလုံးကို
သွန်းအနေနဲ့ အသေအချာတွေ့ရသည်

အခန်းလေးက အတော်ကျယ်ပြီး
ပစ္စည်းလေးတွေကလည်း သေသေရပ်
ရပ်ထားထားလေသည် သူအခန်းထဲမှာမရှိတာကြောင့် သွန်းလည်းစပ်စပ်စုစုကြည့်နေမိတော့သည် 

ခနကြာတော့ သူအခန်းထဲမှ အခန်းတံခါးက
ရုတ်တရပ်ပွင့်လာသောကြောင့် သွန်းအနေ
ဖြင့်ပုန်းရန်အချိန်မမှီတော့ သူကလည်းသွန်းအခန်းဖက်ကိုကြည့်လာပြီး
​သွန်းရဲ့ စပ်စုစိမ်လုပ်နေတဲ့မျက်လုံးတွေနဲ့
အကြည့်ချင်းဆုံမိတော့သည် 

သွန်းအနေဖြင့် ဘာလုပ်လို့ ဘာ
ကိုင်ရမှန်းတောင်မသိတော့ဘူး 
သူကအခုမှ ရေချိုးပြီးတာထင်ပါရဲ့
ခေါင်းတွေကလည်း ရေဆိုနေကာ ခါးတွင်
လည်းတဘက် တစ်ထည်ဖြင့်စီးထား
သေးသည်  ရေစက်လေးတွေကလည်း
သူ့ခေါင်းပေါ်က ဆံပင်လေးတွေမှ
တစ်ဆင့် ဖြူဖွေးနေတဲ့ လည်တိုင်
တစ်လျှောက် တဖြည်းဖြည်းကျဆင်း
လာကာ  ဝမ်းဗိုက်နားသို့ ရောက်လာ
လေသည် သူကသွန်းထက်ငယ်ပေမဲ့
သွန်းမှာမရှိသေးတဲ့ ဗိုက်ကြွက်သား
တွေက သူ့မှာ ရှိနေလေသည်

မင်းတစ်ယောက်တည်းကသာကိုယ့်ရဲ့ကမ္ဘာTempat cerita menjadi hidup. Temukan sekarang