part 20 🌽

296 16 0
                                    

{ Unicode)
သွန်းခပ်မြန်မြန်သာ ထိုလူ့ဆီကနေထွက်လာလိုက်
သည် သူ့ရဲ့အကြည့်တွေဟာ လူကိုဖောက်ထွက်
တော့မည့် အတိုင်းကြည့်နေတာကြောင့် ဘာ
ကြောင့်မှန်းမသိပေမဲ့ ထိုလူကိုသွန်းမကြောက်ရွံ့
မိပေ လူကောင်းတစ်ယောက်ဖြစ်မည်လို့တွေး
နေသည့် သွန်းကသာပုံမှန်မဟုတ်တော့တာလား

အခုချိန်ဆိုချက်ပြုတ်ပြီး စားသောက်နေရ
တော့မည်ကို အခုတော့ဖြင့်အိမ်ပြန်တောင်
နောက်ကျလိုက်သေးသည် အိမ်ရောက်မှ
တစ်ချို့အသားငါးများကို ရေခဲသေတ္တာထဲ
ထည့်ပြီး ညစာနဲ့မနက်ဖြန်အတွက်သာချက်
လိုက်တော့သည်  အကုန်ပြီးစီးမှရေချိုးပြီး
ညစာကို စားဖြစ်တော့သည်

သွန်းရဲ့အတွေးတွေဟာ ဘာလို့ဟို့လူစီဘဲ
ရောက်နေမိလည်းမသိ ခေါင်းကဒဏ်ရာကို
စိတ်ပူမိနေစဲ အလုပ်အပေါ်ကိုအဲ့လောက်
တောင် ရူးသွပ်သွားမှန်းသွန်းကိုယ်တိုင်ပင်
မသိတော့ပေ ဒီလူဟာ သာမန်ဖြတ်သွားဖြတ်
လာတွေ့ခဲ့သည့်သူတစ်ယောက်ထပ် မပိုနိုင်
တာကို ဘာလို့များခန့်သာဆိုရင်ကောင်းလိမ့်
မလည်းဆိုတဲ့ အတွေးကိုတွေးမိနေရတာလည်း

ထိုလူရဲ့နှုတ်ခမ်းတွေ အထူးသဖြင့်ညို့အား
ပြင်းတဲ့မျက်လုံးအစုံဟာ ခန့်နဲ့သိပ်တူလှသည်
အကြည့်စူးစူးတွေဟာ လူတွေကိုကြောက်ရွံ့
သွားစေနိုင်လှပေသည် အထက်စီးဆန်တဲ့
အငွေ့အသက်တွေပြည့်ဝနေတဲ့ ထိုသူဟာ
သူ့ရဲ့အမိန့်ကို တခြားသူတွေမလွန်ဆန်နိုင်
အောင် ဖြစ်ရသည် သပ်ရပ်စွာ ဖီလိမ်းထား
တဲ့ ဆံပင်တွေနဲ့ ဝတ်စုံတစ်စုံဖိုးတောင်သိန်း
ရာချီတန်တဲ့ အဝတ်အစားတွေကြောင့် ထို
လူဟာ သာမန်လူတော့မဖြစ်နိုင်လှပေ

ပထမဦးဆုံး အနေဖြင့်ခန့်မဟုတ်ဘဲ တခြား
ယောကျာ်းတစ်ယောက်အကြောင်း ကိုသေ
ချာကြည့်ခဲ့ပြီး ထိုသူရဲ့ရုပ်ရည်သွင်ပြင်ကို
အစတွေးနေမိသည် ဒီအတွေးဟာ သွန်းကို
တကယ်ခြောက်လှန့်စေနိုင် လှသည် ထိုလူ
ဆီသွန်းလှမ်းသွားခဲ့တယ် အချိန်တွေတုန်း
က သွန်းရဲ့နှလုံးခုန်သံဟာ အတိုင်းအဆမဲ့
စွာ ခုန်နေလျှက်ပင် ထိုလူရဲ့နီးကပ်ခဲ့တဲ့ခန္ဓာ
ကိုယ် အနေအထားမှာလည်း သွန်းဟာရင်ခုန်
မိလျှက်ပင် မဖြစ်သင့်ပါဘူး ခန့်မဟုတ််တဲ့
တခြားယောကျာ်းတစ်ယောက်အပေါ်  ငါအဲ့
လိုမတွေးသင့်ဘူး ဆိုတဲ့ ခေါင်းစဥ်ကိုသာ
သွန်းရေရွတ်မိတော့သည်

မင်းတစ်ယောက်တည်းကသာကိုယ့်ရဲ့ကမ္ဘာWhere stories live. Discover now