part 18🍏🍎

327 18 0
                                    

{Unicode}

သွန်းရဲ့ အတွေးတွေကိုခနရပ်ကာလုပ်လက်
စ အလုပ်တွေကိုသာပြီးအောင်လုပ်တော့
သည် လူနာများအားသွားရောက်ကြည့်ရှုပြီး
အားပေးစကားပြောရသည် လောလောလတ်
ခွဲစိတ်ထားသည့် လူနာမှာတော့ သတိပြန်မရ
သေးပေ မေ့ဆေးကပျယ်သွားသော်လည်း
စက်၍အိပ်နေသေးသည်သာ ဖြစ်ကြောင်း
လူနာရှင် များကိုရှင်းပြရသည် ဒီတစ်ခေါက်
ခွဲစိတ်မှုဟာ အရင်ကဟာတွေနဲ့မတူဘဲ ခက်ခဲ
လှသည် အသက်ရှင်ဖို့ရာ ၅၀ ရာခိုင်နှုန်းသာ
ရှိသော်လည်း တကယ်တမ်းတွင် ထင်သ
လောက်မလွယ်ကူခဲ့ပါ လူနာရဲ့ရှင်သန်လို
စိတ်ပြင်းပြမှုကြောင့်ရော ခွဲစိတ်ခန်းရှိ အရေး
ပါသူ တစ်ယောက်ချင်းစီတိုင်း၏ ကြိုးစား
မှုကြောင့်သာ ခွဲစိတ်မှုအောင်မြင်တော့သည်

လူနာရှင်များက ငိုယိုကာသွန်းအားကျေး
ဇူးတင်စကား များကို အထပ်ထပ်ဆိုနေ
ကြသည် " ကျေးဇူးတင်ပါတယ် ဒေါက်
တာရယ် အကုန်လုံးက ဒေါက်တာရဲ့ကျေး
ဇူးကြောင့်ပါ တစ်ချို့ဆေးရုံတွေမှာက ခွဲစိတ်
ဖို့ကို သိပ်မလုပ်ပေးချင်ကြဘူး အောင်မြင်
နိုင်ချေ နည်းတာကြောင့်ကော ပိုက်ဆံလည်း
သိပ်မတတ်နိုင်တာကြောင့်ပါ "

"ဒါပေမဲ့ ဒေါက်တာလေးကတော့ ဇွဲ
မလျော့ဘဲ ကြိုးစားပေးခဲ့တယ် ကျေး
ဇူးတင်ပါတယ်ရှင် ကျွန်မတို့အဖေရဲ့အ
သက်က ဒေါက်တာပေးတာဘဲရှိတော့
တယ် ကျေးဇူးတင်ပါတယ် " ငိုယို
ပြီးပြောနေတဲ့ သမီးဖြစ်သူကို သွန်း
နှစ်သိပ်ပေးရသည်

" ဒါတွေအားလုံးက ကျွန်တော်တစ်
ယောက်တည်းကြောင့် မဟုတ်ပါဘူး
လူနာရဲ့ အသက်ရှင်လိုစိတ်ပြင်းပြမှု
ရယ် ကျွန်တော်တို့အဖွဲ့ကသူတွေက
အားမလျှော့ဘဲ ပါဝင်ဆောင်ရွက်ပေး
တာကြောင့်ပါ ပြီးတော့ကျေးဇူးတင်စရာ
လည်း မလိုပါဘူးဗျာ ဒါကကျွန်တော့်ရဲ့
အလုပ်ဖြစ်တဲ့ အပြင် ကျွန်တော်ကိုယ်
တိုင်ကလည်း ဝါသနာပါတာကြောင့်ပါ အဲ့ဒါ
ကြောင့် ဝမ်းမနည်းပါနဲ့တော့ အမရဲ့အဖေ
လည်း အမငိုနေတာမြင်ရင် စိတ်မကောင်း
ဖြစ်လိမ့်မယ် သူ့အတွက်ကြောင့်အမတို့ကို
မျက်ရည် ကျစေချင်မှာမဟုတ်ဘူးလေ
သူပြန်ကောင်းလာမှာပါ အဲ့ဒါကြောင့်
ဖိုက်တင်း " သွန်းနှစ်သိမ့်အေးလိုက်မှ
မျက်ရည်များကို သုတ်ပြီး သွန်းကို
ပြုံးပြလေသည်

မင်းတစ်ယောက်တည်းကသာကိုယ့်ရဲ့ကမ္ဘာWhere stories live. Discover now