{Unicode}
ဘေးအိမ်ကို လှမ်းကြည့်လိုက်တဲ့ အချိန်
ခြံထဲမှာ ကောင်းလေးတစ်ယောက်ကို
တွေ့လိုက်တာ ကြောင့် မေးမိလိုက်ခြင်း
ဖြစ်သည် ကောင်းလေးရဲ့ ပုံစံကြည့်ရတာ
သာမန်အလုပ်လာကူလုပ်ဖူးတဲ့ ကလေး
မဟုတ်တာကြောင့် မေမေထားပြောတဲ့
စံအိမ်ပိုင်ရှင်ကြီးရဲ့ သားဖြစ်လောက်မယ်
လို့ထင်မိတယ် ကောင်လေးရဲ့
အသွင်အပြင်က အတော်လေးကို သန့်ရှင်းသပ်ရပ်ပြီး နှစ်လိုဖွယ်ကောင်းလွန်းတယ်လို့
ထင်မိသည်အဝေးကနေလှမ်းကြည့်
တာတောင် သူရဲ့ကျယ်ပြန့်ပြီး
အချိုးကျလှတဲ့ နဖူးလေးရယ် ဖြောင့်
တန်းပြီး ကြည့်လို့ကောင်းတဲ့မျက်ခုံး
မွှေးလေးတွေက လည်းထင်းနေတာဘဲ
အသားအရည်မှာ လည်းသွန်းလိုဖြူနေ
တာမျိုး မဟုတ်ပေမဲ့ တစ်မျိုးလေးကြည့်
လို့ကောင်းနေပြန်သည် ရွှေရောင်မျက်မှန်
ကိုင်းလေးကိုတပ်ဆင်ထားပြီး သွယ်
သွယ်ရှည်ရှည် လက်ချောင်းလေးတွေ
ကြားထဲ စာအုပ်ကိုကိုင်ကာ စာဖတ်
နေလေ၏သူ့ရဲ့အသွင်အပြင်ကို ကြည့်ပြီးမှတ်ချက်
မျိုးစုံကို စိတ်ထဲတွင် ပေးမိနေသော
ကြောင့် မေမေထားက လှမ်းအော်မှ
သတိဝင်မိတော့သည်"သွန်းရေ အိမ်ထဲမလာသေးဘဲနဲ့
ဘာရပ်လုပ်နေတာတုန်း မြန်မြန်လာခဲ့လေ"မေမေထားရဲ့အော်သံကြောင့် သွန်းလည်း
အမြန်ဝင်ဖို့လုပ်လိုက်ရာ သွန်းကိုကြည့်နဲ့
သူရဲ့မျက်လုံးတွေကိုတွေ့လိုက်ရသည်
သွန်းလည်းသူ့နဲ့မျက်လုံးချင်းစုံလိုက်
မိတာကြောင့် ကောင်လေးကိုပြုံးပြလိုက်မိ၏
ကောင်းလေးကတော့ သွန်းကပြုံးပြတာကိုတောင် အရေးမစိုက်သလိုပြုမူကာ
စာပြန်ဖတ်နေလေတော့သည်သွန်းအနေနဲ့ ခဏတာတော့ ကြောင်အမိပြီ
အိမ်ထဲသို့ ရောက်သော်မေမေထားမှ
သောက်ရေတစ်ခွက် လှမ်းထည့်ပေးလေ
သည် ရေသောက်ပြီးဝယ်လာတဲ့
လက်ဆောင်တွေကို ထုပ်ကာ ရေခဲ
သေတ္တာထဲသို့ထည့်နေလိုက်သည်မေမေသည်သနပ်ခါးတုံးကြီးတွေကို
မြင်သော မျက်လုံးအရောင်တွေက
ချက်ချင်းတောက်ပနေပြီး မုန့်ရသွားတဲ့
ကလေးတစ်ဦးကဲ့သို့ဖြစ်နေတာကြောင့်
မေမေကတကယ်ချစ်ဖို့ကောင်းလွန်းတယ်
လို့ထင်မိသည်

YOU ARE READING
မင်းတစ်ယောက်တည်းကသာကိုယ့်ရဲ့ကမ္ဘာ
Romanceနာကျင်စရာအတိတ်တွေရှိနေပြီး ကိုယ့်မိခင်ရဲ့မတရားသေဆုံးမှု ကြောင့်ဖခင်ကိုမုန်းတီးပြီး အမှန်တရားအတွက်နဲ့ရင်ဆိုင်မဲ့ ဂုဏ်ရှိန်ခန့် ချစ်ရသူရှေ့ရောက်ရင်တော့သူရဲ့ရင့်သီးမှုတွေ မာကျောတွေကို မေ့ထားပြီးသန်မာချင်ယောင်ဆောင်နေတတ်သူ တစ်ခါတစ်လေမှာခွေးပေါက်လေးတစ်က...