လမ်းတစ်လျှောက် ခဏတစ်ဖြုတ်
နားကြပြီး မနက်၁၀နာရီ လောက်မှာ
ပုဂံသို့ရောက်ကြသည် နားနေရန်အတွက်
hotel တစ်ခုမှာ ဆရာကသူ၏ပုဂံရှိ
ဆွေမျိုးအား booking တင်ခိုင်းထား
သောကြောင့် ကျောင်းသားတွေအနေဖြင့်
အဆင့်သင့်နားကြရသည်အခန်းတစ်ခန်းတွင် လူ၅ယောက်နေကြ
ရပြီးအခန်းက အတော်အသင့်ကျယ်
ပေမဲ့လည်း ကသိကအောက် အနည်းငယ်
တော့ဖြစ်သည် မိန်းကလေး သတ်သတ် ယောကျာ်းလေး သတ်သတ် ဖြစ်သော
ကြောင့် မလိုလားအပ်သော ပြဿနာတွေ
လည်းဖြစ်စရာမလို သွန်းစက်မိုးနဲ့ ထက်ဝေယံကတော့အခန်းအတူတူသုံးကြသည်အခန်းထဲ ရောက်တာနဲ့ အထုပ်အပိုးတွေ
နေရာချကာ ခရီးပန်းလာသောကြောင့်
ရေချိုးပြီး ခဏတစ်ဖြုတ်အိပ်ကြသည်
ဆရာတွေလည်း ပင်ပန်းလာသောကြောင့်
နေလည်၁နာရီမှ နေ့လည်စာစားကြသည်
နေလည်စာကိုတော့ ပုဂံဒေသထွက် ပုန်းရည်
ကြီးသုပ် ကိုဝက်သားနဲ့ရောချက်ထားတာရယ် အရည်ဟင်းတစ်ခွက် မြန်မာလူမျိုးတိုင်းအတွက်မပါမဖြစ်ပါရှိသော ငါးပိရည် တို့စရာ ပုစွန်ချဉ်သုပ်လေးကို ပင်စိမ်းလေးထည့်သုပ်ထားတာကြောင့် အနံ့လေးက မွှေးနေကာ
အတော်လေး အရသာရှိနေလောက်သည်အားလုံးမှာမနက်စာကိုကောင်းကောင်း
မစားခဲ့သောကြောင့် အတော်လေးစာနေ
ကြပြီဖြစ်ရာ အားပါးတရမြိန်ရေရှက်ရေစားသောက်ကြတော့သည်
![]()
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image. ဝက်သားကိုပုန်းရည်ကြီးနဲ့ချက်ထားတာ
နေ့လည်တွင် ဒေသထွက်အစားအစာ
တစ်ချို့ကို လိုက်မြည်းစမ်းပြီးအုပ်စု
ဖွဲ့ကာ ဘုရားဖူးရန် သွားကြသည်ဒီနေ့အတွက်ကတော့ အနည်းငယ်ပင်
ပန်းသောကြောင့်
ကိုယ့်ဘာသာ အနီးနားရှိဘုရားများကို
ဖူးမြော် ကာ မနက်ဖြန်နဲ့သန်ဘက်ကာ
ကျမှ ဘုရားများ၏သမိုင်းကြောင်းနှင့်အနည်းငယ်ဝေးသော ဒေသများသို့သွား
ရောက်လည် ပတ်ကြမည်ဖြစ်သည် မိုးတွင်းကာလဆိုသော်လည်း ပုဂံမှာမိုးမရွာသေးပေမဲ့
ဖုန်အလိမ်းလိမ်းတော့ ဖြစ်မနေပေ
ေနကလည်း အရမ်းပူနေတာမျိုးမဟုတ်
အသင့်အတင့် အနေထားကြောင့်
အတော်လေး အဆင်ပြေသည်
ခရီးသွားကာလမဟုတ်သောကြောင့်
ခရီးသွားများမှာ အတော်လေးနည်းပါးလှသည်

YOU ARE READING
မင်းတစ်ယောက်တည်းကသာကိုယ့်ရဲ့ကမ္ဘာ
Romanceနာကျင်စရာအတိတ်တွေရှိနေပြီး ကိုယ့်မိခင်ရဲ့မတရားသေဆုံးမှု ကြောင့်ဖခင်ကိုမုန်းတီးပြီး အမှန်တရားအတွက်နဲ့ရင်ဆိုင်မဲ့ ဂုဏ်ရှိန်ခန့် ချစ်ရသူရှေ့ရောက်ရင်တော့သူရဲ့ရင့်သီးမှုတွေ မာကျောတွေကို မေ့ထားပြီးသန်မာချင်ယောင်ဆောင်နေတတ်သူ တစ်ခါတစ်လေမှာခွေးပေါက်လေးတစ်က...