{Unicode}
ဒီနှစ်မှ ရန်ကုန်ဆောင်းက မကုန်
သေးသလို တကျော့ပြန်လည်
အေးလာတော့သည်။ မြို့တစ်ခု
လုံးလည်း မြူနှင်းတွေဝေကြနေ
အုပ်ဆိုင်းလို့ နေသည်မှာ ၁ပတ်
ကျော်ကျော်ခန့်ရှိနေပြီ ဖြစ်သည်။V day နီးလာသည်နှင့်အမျှ ဆေး
ရုံ၌ ရည်စားရှိဝန်ထမ်းများကလည်း
ဘယ်သွားမယ် ဘာလုပ်မည်နှင့်
တွတ်ထိုးလို့နေစဲ။ အရင်၂၈နှစ်တာ
ကာလအတွင်း ချစ်သူများနေ့
ဆိုသည်မှာ သွန်းစက်မိုးလို
လူပျိုလေးအတွက် ကျန်သော
ရက်များနှင့် သိပ်ပြီးထူးခြား
မှုမရှိ။ သို့သော် ယခုနှစ်
တွင်တော့ ရည်စားရှိသော
သူ့အတွက်လည်း အရေးပါသော
နေ့လေး ဖြစ်လာခဲ့ရပြီလေ ။ကိုဇော်လတ်က အပြုံးလေး
နှင့် သွန်းကိုမျက်စပြုလေ
သည်။" ဘယ်နှယ့်တုန်း ဒေါက်တာ
ရေ မနက်ဖြန်ကို ခွင့်ယူတော့
မှာပေါ့ "" ဟဲဟဲ ကိုဇော်လတ်လည်း သိ
တဲ့အတိုင်းဆိုတော့ ကျွန်တော်
လည်း ခန့်နဲ့အတူ လျောက်လည်
ချင်တယ်လေ "" အို့ အကိုကတော့ အားကျ
တယ်ကွာ အခုထိရည်စားမရှိ
သေးဘူးလေ "" အားမငယ်ပါနဲ့ဗျာ တစ်နေ့
တော့ ရောက်လာမှာပေါ့ "" အင်းပေါ့ အင်းပေါ့ကွာ "
မနက်ဖြန်အတွက်ကို သွန်း
တကယ် စိတ်လှုတ်ရှားနေမိ
ပါတယ်။ ဘာကြောင့်ဆိုဘဝ
မှာ ချစ်ရတဲ့ကောင်လေးနဲ့အတူ
ချစ်သူများနေ့ဆိုသော နေ့ရက်
လေးကို သူဖြတ်သန်းရမည်
ကြောင့်ဖြစ်သည် ။မနက်ဖြန်မှ ကျရောက်လာမည်
ဖြစ်သော်လည်း ဒီနေ့ကတည်း
က သွန်းအမြဲရနေကျ ပန်းစည်း
တွေနှင့် ချောကလပ်box များ
က အလုပ်စားပွဲတွင် ရောက်နေ
ပြန်ပါသေးသည်။ အရင်နှစ်တွေ
ကလည်း အမည်မဖော်ဘဲ ပေး
နေကျသော မိန်းကလေးများ
သည် ဒီနှစ်တွင်တော့ သေချာ
ပေါက် အသဲကွဲရကိန်းဆိုက်
တော့မည်။" အံ့မယ် ငါ့မောင်ကဒီနှစ်က
ပိုတောင်များနေသေးတာဘဲ "" ဟုတ်ပါ့ဗျာ ကျွန်တော်လည်း
ဒါတွေကို ဘယ်လိုယူသွားရမ
လည်းမသိဘူး ခန့်သာမြင်ရင်
စိတ်ကောက်မှာသေချာတယ် "

VOUS LISEZ
မင်းတစ်ယောက်တည်းကသာကိုယ့်ရဲ့ကမ္ဘာ
Roman d'amourနာကျင်စရာအတိတ်တွေရှိနေပြီး ကိုယ့်မိခင်ရဲ့မတရားသေဆုံးမှု ကြောင့်ဖခင်ကိုမုန်းတီးပြီး အမှန်တရားအတွက်နဲ့ရင်ဆိုင်မဲ့ ဂုဏ်ရှိန်ခန့် ချစ်ရသူရှေ့ရောက်ရင်တော့သူရဲ့ရင့်သီးမှုတွေ မာကျောတွေကို မေ့ထားပြီးသန်မာချင်ယောင်ဆောင်နေတတ်သူ တစ်ခါတစ်လေမှာခွေးပေါက်လေးတစ်က...