{Unicode}
သွန်းဖေကြီးကို ဖွင့်ပြောပြီးတာ
ကြောင့်ကိစ္စတစ်ခုကို ဖြေရှင်းပြီး
သည်ဟု ပြောရမည် မေမေထား
ကို မည်သို့ပြောပြရှင်းပြရမည်ကို
တွေးတောနေစဲ အချစ်စစ်တစ်ခု
ကိုဖန်တီးဖို့ရာ မလွယ်ကူနိုင်ပါ
မိဘတွေနှင့်အတူ ၃ရက်တိုင်ပျော်
ရွှင်စွာ ဖြတ်သန်းခဲ့၏ မေမေထား
တစ်ယောက်သည်တော့ သွန်းစက်
မိုးပြန်မည့်အချိန်တွင် စားစရာအ
ချို့ကို ထည့်ပေးတော့သည်ဆရာ
ဝန်တစ်ယောက် ဖြစ်သည့်တိုင်မ
အားမလပ်တတ်သောသွန်းအ
ကြောင်းကို မိခင်၏သဘာဝအ
တိုင်း ပူပန်တွေးတောတတ်ရ
သည်မှာ အမြဲ" သွန်းရေ ကျန်းမာရေးလည်းဂရု
စိုက်နော် ဒီတစ်ခေါက်လာတာအ
ရင်ကထက် ပိန်သွားသလိုဘဲငါ့
သားလေး "" ဂရုစိုက်ပါတယ်ဗျ မေမေထားနဲ့
ဖေကြီးလည်း ဂရုစိုက်ကြအုံးနော်
ကျွန်တော့်ကိုသာ တွေးပြီးမပူကြနဲ့
မေမေတို့ ကျန်းမာရေးကအဓိက
ဘဲနော်တစ်ခုခုဖြစ်ရင် ဖုန်းဆက်
ပြီးပြောနော် "" ဟုတ်ပါပြီ ငါ့သားရာမင်းလည်း
အစားသေချာစားအုံး နောက်ပြီး
မင်းမေမေထားကိုလည်း ပြော
သွားပေးကွာ အဖေ့ကိုကြမင်းလို
မချစ်လို့လေ "" အမလေးကိုမိုးမြင့်ရေ ကျွန်မ
သာရှင့်ကိုမချစ်ရင် ရှေ့ကဆရာ
ဝန်ကြီးက လေဥဥပြီး မွေးလိုက်
တာလားကျွန်မက "" ဟားး ကိုယ်ကစတာပါထား
ထားရယ် "ဖေကြီးသည် မေမေထား၏မေး
ဖျားလေးကို အသာဆွဲယူပြီး ငြူ
တူတူပြောလေတော့ မေမေထား
မှာ ရှက်သွေးဖြာ၍" အဟမ်းဟမ်း ကျွန်တော်ကို
ရှိသေးတယ်လို့ မှတ်ကြသေး
လား? "ထိုအခါမှပင်
" ဟာ အကိုကလည်း သားရှိ
နေတာကို ဘယ်လိုပြုမူနေတာ
လည်း "" သွန်းရေ မင်းအမေတော့ရှက်
သွားပြီကွာ "အေးချမ်းပျော်ရွှင်စရာ မိသားစု
လေးသည်တော့ အများသူငှာ
အားကြဖို့ ကောင်းသည်အထိ အ
ဆုံး၌ သွန်းစက်မိုးသည် အတည်
သူ၏အရစ်ကျ ငွေသွင်းဝယ်ထား
ရသော တိုက်ခန်းလေးဆီသို့ ပြန်
ရောက်ခဲ့ပြီ ရောက်ပြီးချက်ချင်း
ဆေးရုံဆီသို့ တန်းပြေးရပြန်သည်
ခွင့်အပိုယူမိတာကြောင့် Night
Juty အပိုဆင်းပေးရအုံးမည်ဖြစ်
သည် ဂုဏ်ရှိန်ခန့်နှင့် လည်းမတွေ့
ရသေး ဒီရက်တွေမှာခွဲစိတ်မှု
ကြောင့်ကော အိမ်ပြန်တာနှင့်
အခြားသောအရေးကိစ္စတွေ
ကြောင့် ချစ်သူကောင်လေးကို
အဘက်ဘက်မှ လျစ်လျူရှုပစ်
ထားသလို ဖြစ်နေသည်ကို သူ၏
ချစ်ရသူမှာတော့ တစ်ခွန်းတစ်
လေမျှတောင် ညီးညူနေလေ့မရှိ
အရမ်းနားလည်း ပေးသောခန့်
ကြောင့် သူပိုပြီးပျော်ရွှင်ရသည်
YOU ARE READING
မင်းတစ်ယောက်တည်းကသာကိုယ့်ရဲ့ကမ္ဘာ
Romanceနာကျင်စရာအတိတ်တွေရှိနေပြီး ကိုယ့်မိခင်ရဲ့မတရားသေဆုံးမှု ကြောင့်ဖခင်ကိုမုန်းတီးပြီး အမှန်တရားအတွက်နဲ့ရင်ဆိုင်မဲ့ ဂုဏ်ရှိန်ခန့် ချစ်ရသူရှေ့ရောက်ရင်တော့သူရဲ့ရင့်သီးမှုတွေ မာကျောတွေကို မေ့ထားပြီးသန်မာချင်ယောင်ဆောင်နေတတ်သူ တစ်ခါတစ်လေမှာခွေးပေါက်လေးတစ်က...