part 24

255 26 0
                                    

{Unicode}

သွန်းကားပေါ်မှဆင်းပြီး ဆေးရုံလျှောက်
လမ်းအတိုင်းလျှောက်လှမ်းလာချေ၏
ဆေးရုံဖြစ်တာကြောင့် ပိုးသက်ဆေးနံ့
များနှင့် ဆေးဝါးများ၏ အနံ့အသက်များ
ဟာ ဆေးရုံပတ်ဝန်းကျင် တစ်ခွင် ကြီးစိုး
နေလျှက်ရှိသည်

သွန်းဆေးရုံအထဲမဝင်မှီ အပေါက်ဝနားတင်
ရှိသေး သန့်ရှင်းရေးအဒေါ်ကြီးမှာ ပြုံးပြ
နှုတ်ဆက်လေ၏

" ဒေါက်တာ သွန်းစက် မဂ်လာမနက်ခင်း
ပါ "

သွန်းသည်လည်း ပြုံးပြလျှက်ပင်

" မဂ်လာပါအဒေါ် ဒီနေ့အတွက်ဖိုက်တင်း
ပါနော် "

သန့်ရှင်းရေး အဒေါ်ကြီး သည် ဆေးရုံ၌
အပေါက်ဆိုးသည်ဟု နာမည်ကြီးသော်
လည်း သွန်းနှင့် တွေ့ဆုံတိုင်း ဖော်ဖော်
ရွေရွေ နှုတ်ဆက်လေ့ရှိသည် အဒေါ်ကြီး
သည် ဤဆေးရုံ၌ လုပ်သက်မှာ သွန်းထ
က် ၂ဆပင်ရှိတာကြောင့် Nurse လေးတွေ
ကတောင် မလေးမစားမဆက်ဆံရဲ

အဒေါ်ကြီးကို အပေါက်ဆိုးသည်ဟု အခြား
သူများပြောတုန်းကဖြင့် သွန်းသည်မယုံ
ကြည်နိုင်ခဲ့ ပေ မိမိနှင့်တွေ့ဆုံသည့်အချိန်
တိုင်းပြုံးရွင်ကာနှုတ်ဆက်နေတာကြောင့်
ကိုယ်တိုင်နားဖြင့် ကြားကာ မျက်စိဖြင့်
မြင်ကာမှ သွန်းယုံကြည်မိတော့သည်

ဆေးရုံ၏ nurse မခေါင်းဆောင်ဖြစ်သော
ဒေါ်နီလာဝင်းမှာ အဒေါ်ကြီး၏ အကြောင်း
ကိုပြောပြလေ့ရှိသည်

" ဒေါက်တာသွန်းစက်ရေ မင်းကသာ အဲ့
သည်အဒေါ်ကြီးကို သဘောမနောကောင်း
တယ် ထင်နေတာ "

" အပေါက်ဆိုးလွန်းလို့ Nurse မပေါက်စ
လေးတွေကတောင် ကျွန်မထက်သူ့ကိုပို
ကြောက် တယ် "

" အပေါက်ဆိုးတာကလည်း မပြောနဲ့လေ
ဆေးရုံဆိုတော့ လူအမျိုးမျိုးစိတ်အထွေ
ထွေနဲ့ ကျွန်မတို့ကပြည့်သူ့ဆေးရုံဆိုတော့
ပိုဆိုးတာပေါ့ အမှိုက်တွေစည်းမရှိ ကမ်း
မရှိဖွထားတော့ မြင်မကောင်းဘူးလေ
အဲ့တော့ သူလည်းပြောတာပေါ့ "

" တစ်ချို့လူနာတွေဆိုရင်လေ သူတို့က
သာစည်းကမ်းမရှိကြတာ အဒေါ်ကြီး
ပြောရင် ခင်ဗျားက သန့်ရှင်းရေး အဖွား
ကြီးက အလုပ်လုပ်ရမှာပေါ့ ဘာညာနဲ့
စကားများကြတာပေါ့ "

မင်းတစ်ယောက်တည်းကသာကိုယ့်ရဲ့ကမ္ဘာDonde viven las historias. Descúbrelo ahora