part 8🍓

397 18 0
                                    

(Unicode)

လူစီက သူ့လက်ထဲရောက်သွားတော့မှ
ငြိမ်ကျသွားတော့သည်   

"လာတက်သွားမယ် " 
တွန့်ဆုတ်နေသေးတာကြောင့် 

"ဘာလည်း မလိုက်ဘူးလား အဲ့ခွေးတွေနဲ့
နေခဲ့ချင်လို့လား မှောင်နေပြီ မြန်မြန်"

" မင်းမောင်းမလို့လား  "

  " အင်းငါဘဲမောင်းမှာ"

"ဘာလို့လည်း မင်းမောင်းပေးချင်လို့လား
မမောင်း ပါနဲ့ လမ်းလည်းသိတာ
မဟုတ်ဘူး ပြီးတော့ လူစီကကြောက်
နေသေးတာကြောင့် မင်းနဲ့ဆို သူ
ပိုအဆင်ပြေလိမ့်မယ်  "   

သွန်းပြောလိုက်မှ သူလည်း မှောင်နေတာ
ကို သတိထားမိပြီး မြန်မြန်ပြန်ရန် လုပ်ရတော့သည် 

အိမ်ပြန်ရောက်ဖို့ ဘယ်လောက်မှ
မမောင်းရပေ ဒီကောင်လေးက သေချာပေါင်းသင်းကြည့်ရင် သူ့ရဲ့
EQ မြင့်မားလာအောင် လမ်းပြပေးလို့
ရလောက်သည် ပိုက်ဆံဘယ်လောက်ရှိရှိ
လူတွေကို အထက်စီးကနေ ဆက်ဆံတဲ့အခါ ဘယ်သူမဆို အမြင်ကတ်ကြသည် 
သူ့ရဲ့အကျင့်စရိုက်နဲ့သာ ဆို ဘယ်နေ့ချောင်း
ရိုက်ခံရမလည်း မသိနိုင်ဘူး

သူ့ခြံရှေ့ရောက်တော့ ချပေးလိုက်
ရသည် သူ့ကိုကားမောင်းပေးတဲ့ ဦးလေး
ကြီးမှ ကဗျာကယာထွက်လာပြီး မျက်နှာအမူအရာကလည်း စိုးရိမ်မှုအပြည့်ဖြင့်
ပြောလာတော့သည်  

"အကိုလေးရယ် ဘယ်တွေ သွား
နေတာလည်း ကြီးမြကော ကျွန်တော်
ပါ စိတ်ပူလို့သေတော့ မယ် အခုလေး
တင် လိုက်ရှာမလို့ပြောနေတာ "    

" ဘာမှမဖြစ်ပါဘူး ကျွန်တော်လမ်း
လျှောက်ထွက်ရင်း  လူ့စီကပြေးနေတာ
ကြောင့် သူနောက်လိုက်ရင်း
လမ်း​ပျောက်သွားတာ "   

ဦးလေးကြီးမှစိတ်သက်သာရာရသွား
သကဲ့သို့ လေတစ်ချက်မှုတ်ထုပ်လိုက်
တော့သည် 

"တော်သေးတာပေါ့ ဒီက လူလေးနဲ့
 တွေ့လို့ ကျေးဇူးပါကွယ် "

  ဦးလေးကြီမှ သွန်းကိုကျေးဇူးတင်စ
ကားပြောကာ လူစီကို ယူ၍အထဲဝင်သွား တော့သည်

ခြံရှေ့မှာ သွန်းနဲ့သူနှစ်ယောက်တည်းသာ
ကျန်ခဲ့တော့သည် တစ်ယောက်နှင့်တစ်
ပြောစရာစကားရှာနေတော့သည်  
"မင်း"   

မင်းတစ်ယောက်တည်းကသာကိုယ့်ရဲ့ကမ္ဘာOù les histoires vivent. Découvrez maintenant