{Unicode}
ဂုဏ်ရှိန်ခန့် ရင်ထဲမှာဖြစ်ပေါ်လာတဲ့ ခံစား
ချက်တွေကိုတော့ ဘယ်သူမှနားမလည်
နိုင်ပေ နာကြည်းမှုနွေ မကျေနက်ချက်တွေ
နဲ့ အမုန်းတရားတွေရှိနေပြီး ကြောက်ရွံ့မှု
လည်း အနည်းငယ်ရှိနေပေသည် သူ့အဖေ
ဖြစ်သူနဲ့ မိထွေးဖြစ်သူအပေါ် အမုန်းတရား
များဟာ လျင်မြန်စွာကြီးထွားနေတဲ့အပင်
တစ်ပင်လို ဖြစ်နေပေသည် သူကြောက်ရွံ့
မိသည်ကတော့ သူ့အဖေဖြစ်သူဟာ သူနဲ့
ပတ်သတ်သည့် အရာအားလုံးကို လိုချင်
တက်မက်ပြီး ဖျက်စီးလိုစိတ်ရှိသူဖြစ်သည်
အကယ်၍သွန်းတို့ မိသားစုအပေါ် အန္တရယ်
ပြုလာမှာကို သူကြောက်မိသည် ဒီအချိန်မှာ
သူဟာ အင်အားကြီးသူ မဟုတ်တာကြောင့်
သီးခံနေမှသာ ဖြစ်မည်သူ့ရဲ့ အေးစက်ပြီး ပြင်းပြလွန်းတဲ့ မျက်နှာ
အနေအထားဖြင့် သူ့အဖေဦးသူရိန်အား
ကြည့်လိုက်ပြီး ရွံ့ရှာစက်ဆုတ်မှုသဖွယ်
ဖြစ်လျက် " ခင်ဗျားကို ပြောထားခဲ့တယ်မ
လား အဲ့သည်မိန်းမကို ဘယ်တော့မှ အမေ
လို့လက်မခံသလို ကျွန်တော်အမေပိုင်တဲ့
ဒီအိမ်ကို ဘယ်တုန်းကမှ လာခွင့်မပြုခဲ့ဘူး"" ခင်ဗျားလည်း ဒီအိမ်ကို မလာနဲ့ "
" အခုပြန်ရင်ပြန် မပြန်ရင်ပိုင်နက်ကျူး
ကျော်မှုနဲ့ နှစ်ယောက်လုံးကို တရားဆွဲ
ရလိမ့်မယ် ဒါမှမဟုတ်လည်း ရဲခေါ်ပြီး
ခွေးတွေကိုမောင်း ထုတ်သလို မောင်း
ထုတ်မှထွက်သွားမှာလား " ဂုဏ်ရှိန်
ခန့်ရဲ့ အပြောတွေကိုတော့ သူ့ရဲ့ဖခင်
ဖြစ်သူ ဦးသူရိန်ကတော့ အပြုံးမပျက်
ရှိနေပြီး မိထွေးဖြစ်သူဒေါ်ဆုမြတ်က
တော့ သူ့မရဲ့မျက်နှာပေါ်မှာ ရုပ်ဆိုး
အကျည်းတန်လျက် ကြည့်ရဆိုးနေတော့
သည်အနာပေါ်ဒုတ်ကျသွားတဲ့ ဒေါ်ဆုမြတ်က
တော့ သူမရဲ့အမူအရာကို ထိန်းလိုက်
ပြီး အပြစ်ကင်းတဲ့ သူတစ်ယောက်
လိုပြုမူနေပြန်သည် ဦးသူရိန်ကတော့
ဂုဏ်ရှိန်ခန့်ရဲ့ အပြောကိုတော့ မကြား
သကဲ့သို့ပင် မိမ်ိပြောချင်သည်ကိုပင်
ထပ်၍ပြောနေပြန်သည်"အဲ့ကောင်လေးက မင်းအတွက်အရမ်း
အရေးပါပုံဘဲနော် ငါ့သား "

YOU ARE READING
မင်းတစ်ယောက်တည်းကသာကိုယ့်ရဲ့ကမ္ဘာ
Romanceနာကျင်စရာအတိတ်တွေရှိနေပြီး ကိုယ့်မိခင်ရဲ့မတရားသေဆုံးမှု ကြောင့်ဖခင်ကိုမုန်းတီးပြီး အမှန်တရားအတွက်နဲ့ရင်ဆိုင်မဲ့ ဂုဏ်ရှိန်ခန့် ချစ်ရသူရှေ့ရောက်ရင်တော့သူရဲ့ရင့်သီးမှုတွေ မာကျောတွေကို မေ့ထားပြီးသန်မာချင်ယောင်ဆောင်နေတတ်သူ တစ်ခါတစ်လေမှာခွေးပေါက်လေးတစ်က...