part 29

191 15 0
                                    

{Unicode}

မနက်ခင်းများကို ချစ်ရတဲ့ကောင်
လေးနဲ့အတူ နိုးထခွင့်ရပြန်ပြီ မျက်
လုံးဖွင့်သည့်အချိန်တိုင်း ခန့်ကိုမြင်
ရသည်က သူ၏ရင်ကိုလျှပ်တပြတ်
ခုန်သွားစေ၏ ခန့်နှင့်သွန်းသည် အိမ်
နှစ်လုံးတွင် တစ်ယောက်တစ်လှည်စီ
လာအိပ်လေ့ရှိကြသည် ဘာနှီးနှောမှု
မှမပါဘဲ တစ်ယောက်နှင့်တစ်ယောက်
ပွေ့ဖက် နမ်းရှုံရုံလောက်သာ  သွန်းစက်
မိုးမျက်လုံးများကို ဖွင့်ပြီး ထထိုင်လေ
တော့ ခန့်ဟာ ပြန်လည်ဆွဲချပြီး သူ၏
ရင်ခွဲထဲ၌ အိပ်စေပြန်သည်

" ကဲ ခန့်ရယ် ငါထပါရစေကွာ ဒီနေ့
မေမေထားတို့ကို သွားတွေ့ရမှာ နောက်
ကျလို့မဖြစ်ဘူး  "

" ကိုယ့်ကို ခနလောက်တော့အလိုလိုက်
ပါသွန်းရယ် ကိုယ်မင်းကို၃ရက်ကြီး
တောင်မတွေ့ရမှာကို  "

စွဲဆောင်မှုရှိလွန်းလှသည့် မျက်လုံးများ
ဟာ သွန်းစက်မိုး၏ မျက်နှာလေးကိုတ
ငေးတမောကြည့်၍ နေသည်

" ဒါဆို အိမ်လိုက်ခဲ့မလား ? "

" ကိုယ် ,ကိုယ်မလိုက်တော့ပါဘူး"

ဂုဏ်ရှိန်ခန့်၏ တွေးဝေနေပုံကိုကြည့်ပြီး
သွန်းသည် အသည်းယားလာတာကြောင့်
ခန့်၏ ပါးပြင်ကိုနမ်းရှိုက်လိုက်လေတယ်

" ကြောက်နေလို့လား ? ငါရှိတယ်လေ
ကွာ ငါတစ်ခါတည်းဖွင့်မပြောပါဘူး
မေမေထားကိုလည်း အချိန်ပေးရှင်း
ပြရအုံးမယ်လေ မင်းအရမ်းမတွေး
နဲ့နော်  "

" အင်း , ကိုယ်ကြောက်တာက မင်း
ကိုမင်းမိဘတွေ အပြစ်တင်မှာကိုဘဲ
ကိုယ်ကလေ မင်းနဲ့တောင်မတန်ဘူး
ဘာကြောင့်ဆိုတဲ့ အကြောင်းပြချက်
တွေကို မပြောချင်ပေမဲ့ မင်းရဲ့မိဘ
တွေဆီက မင်းကိုလောဘတကြီးလို
ချင်မိတဲ့ စိတ်ကို ကိုယ်ထိန်းချုပ်လို့
မရတာ ဟိုအရင်ကတည်းကပါ  "

" ခန့်ရယ် မတန်ဘူးလို့မပြောပါနဲ့
မင်းက ငါ့အချစ်တွေနဲ့ အထိုက်တန်
ဆုံးကောင်လေးဖြစ်တာကြောင့် နောက်
အဲ့လိုစကားတွေမပြောနဲ့နော် "

" ထတော့ လိမ္မာတယ် မလိုက်ဘူးဆို
လည်း ဒီတစ်ခေါက်တော့ လွှတ်ပေး
လိုက်မယ် နောက်တစ်ခါမရဘူးနော် "

မင်းတစ်ယောက်တည်းကသာကိုယ့်ရဲ့ကမ္ဘာDonde viven las historias. Descúbrelo ahora