{Unicode}
အတိတ်က ဖြစ်ပျက်ခဲ့သော
အကြောင်းအရာများကို ဖွင့်ဟ
ထုတ်ပြောလာသော ဦးေဋ္ဌးမြင့်
၏ မျက်နှာအမူအရာများသည်၊
စာရွက်များကို တစ်ရွက်ချင်း
လှန်နေသကဲ့သို့ ပြောင်းလဲနေ
၏။ ဒေါသနှင့်လွမ်းဆွတ်မှုများ
၏ အရိပ်အယောင်များက အထင်
အပ်သား ။ခွန်းနိုင်သည် သူသိချင်နေသော
အရာကို မေးခွန်းထုတ်လိုက်၏။" ဒါဆို ကျွန်တော့်အဖေဦးသိန်း
စိုးက car accident မှာ တခါ
တည်း ဆုံးသွားခဲ့တာလား ? "ခွန်းနိုင်၏ မျက်ဝန်းများက နီ
ရဲနေ၍ ဝမ်းနည်းမှုများကိုလည်း
ဖုံးဖိဖို့ရန် မစွမ်းသာနိုင်တော့ ၊
တုန်ရီနေသော အသံနှင့်အတူ
သိနေပြီးသော အရာကိုအတည်
ပြုချင်နေခဲ့ပါတယ်။" အင်း သိန်းစိုးက အဲ့မှာတင်
ဆုံးသွားခဲ့တာ "ခွန်းနိုင်တစ်ယောက် သူ၏ပါး
ပြင်ပေါ်သို့ လိမ့်ဆင်းလာသော
မျက်ရည်စက်ကို လက်ဖမိုးနှင့်
သုတ်ယူလိုက်လေကာ၊ မျက်
နှာ အမူအရာကိုလည်း မူလ
အခြေအနေသို့ ပြန်လည်ပြောင်း
ယူလိုက်ပါ၏။" ဒါဆို ဦးလေးကကော သူတို့
ခေါ်သွားတယ်ဆို ဘယ်လိုပြန်
လွတ်လာရတာလည်း ?"ဂုဏ်ရှိန်ခန့်၏ အမေးကို ဦး
ေဋ္ဌးမြင့်က ခေါင်းလေးတညိမ့်
ညိမ့်လုပ်ကာ ပထမကတည်
ငြိမ်နေသော အမူအရာသည်
ကပင် အနည်းငယ်သောကြောက်
စိတ်များက ဝင်ရောက်လာခဲ့
တယ်။" သူတို့ ငါ့ကိုခေါ်သွားကြတယ်
ဘယ်အလွတ်ပေးပါ့မလည်း
ငါက သူတို့အတွက်အဓိကအသုံး
ဝင်တဲ့ သူမို့လို့လေ ၊ ငါတို့လုပ်
ငန်းနဲ့ သက်ဆိုင်တဲ့ အချက်အလက်
တွေကို ငါ့ဆီကနေ တောင်းယူ
ဖို့ပေါ့ ၊ အစကငါလည်း မပေး
ချင်ခဲ့ဘူး ငါ့မိသားစုရဲ့အသက်
အန္တရယ်နဲ့ ခြိမ်းခြောက်လာခဲ့
ကြတယ် ၊ ငါ့ဘက်က ဘာမှ
မတတ်နိုင်ခဲ့ဘူး သူတို့လိုချင်
တဲ့ အရာကိုပေးမှ ငါ့မိသားစု
အသက်ချမ်းသာ ရမှာလေ "" အချက်အလက်တွေ ရသွား
တော့လည်း ငါကသူတို့လုပ်
ရပ်တွေကို သိနေတဲ့လူတစ်
ယောက်ဖြစ်တဲ့အတွက် ငါအသက်
မရှင်နိုင်ဘူးဆိုတာ သိတယ်၊
ငါ့ကို နည်းမျိုးစုံနဲ့ နှိပ်စက်ရိုက်
နှိက်ခဲ့ပြီး အချိန်အတော်ကြာ
အောင် ဖမ်းထားခဲ့တာ "
YOU ARE READING
မင်းတစ်ယောက်တည်းကသာကိုယ့်ရဲ့ကမ္ဘာ
Romanceနာကျင်စရာအတိတ်တွေရှိနေပြီး ကိုယ့်မိခင်ရဲ့မတရားသေဆုံးမှု ကြောင့်ဖခင်ကိုမုန်းတီးပြီး အမှန်တရားအတွက်နဲ့ရင်ဆိုင်မဲ့ ဂုဏ်ရှိန်ခန့် ချစ်ရသူရှေ့ရောက်ရင်တော့သူရဲ့ရင့်သီးမှုတွေ မာကျောတွေကို မေ့ထားပြီးသန်မာချင်ယောင်ဆောင်နေတတ်သူ တစ်ခါတစ်လေမှာခွေးပေါက်လေးတစ်က...