Part 31

193 10 0
                                    

{Unicode}

သွန်းစက်မိုးတစ်ယောက် ကိုဇော်
လတ်ကို ညစာအတူစားရန် ဒီည
ပြောထားကြသည် ကိုဇော်လတ်
၏ စိတ်နေစိတ်ထားနှင့် သဘော
ထားများ ဘယ်ကိုဦးတည်နေ
သည်ကို တကယ်မတွေးတတ်
တော့ပါ ဂုဏ်ရှိန်ခန့်နှင့် သွန်းစက်
မိုးတို့၏ အခြေအနေကို ဆေးရုံ
က လူများသည်တော့ သတိထား
မိပေမဲ့ သေချာဘယ်သူမှလာ
ရောက်မေးမြန်းခြင်းတော့ မရှိ
သွန်းစက်မိုး အနေနဲ့လည်းထပ်၍
ငြင်းဆန်လိုစိတ် မရှိသူသိပ်ချစ်
ရသည့် ကောင်လေးကိုအများ
ရှေ့မှာ ဒီလူဟာသူ့အပိုင်ဖြစ်
ကြောင်း ဖွင့်ဟရမည်ကို အနည်း
ငယ်မှ စိုးရိမ်နေခြင်းမရှိနေပါ

သူ့အပေါ် တွယ်ကပ်နေသော
ခန့်သည် တကယ့်ကိုကလေး
လေးတစ်ယောက်လိုသာ ဘယ်
သောအခါမှ မပေါ့သောအချစ်
တွေနှင့်သာ ချစ်ရသူဖြစ်သည်

ထောင်သောင်းမကသော အချစ်
တွေကို ဖွင့်ဟချင်သည် သို့သော်
ထိုသို့ အတူပြုလုပ်ချင်သော သူ
မှာလည်း သူ၏ချစ်ရသည့်နှစ်
ယောက်မရှိနိုင်သော ဂုဏ်ရှိန်ခန့်
သာ

အလုပ်တာဝန်ပြီး နေ့လည်စာစား
ချိန်တွင် ဂုဏ်ရှိန်ခန့်မှာ သွန်းစက်
မိုးထံသို့ ဖုန်းခေါ်လိုက်လေသည်

"  သွန်း နေ့လည်စာစားပြီးပြီ
လား  ?"

" အခုစားနေတာလေ မင်းကော
စားပြီးပြီလား ? "

" ကိုယ်မစားရသေးဘူး  "

" စားလေကွာ အလုပ်တွေခန
နားပြီး ထမင်းတော့သေချာစား
ပါ အချစ်ရယ်  "

" ကိုယ်အခုမင်းဆီကို လာလို့
ရမလား  "

" ညနေတွေ့မှာဘဲကို နေကလည်း
ပူနေတာ မလာနေနဲ့နော် လိမ္မာ
တယ်အချစ်လေးက  "

" မင်းကိုယ့်ကို အကြွေးမဆပ်ရ
သေးဘူး  "

" ဟားးးဟား ငါဆပ်ပါ့မယ်ခန့်
ရယ် မင်းကဘာလေးလည်းကွာ
ကလေးလေးကျနေတာဘဲ "

" ကိုယ်ကလေးမဟုတ်ဘူး သွန်း "

" မင်းကလေးမဟုတ်တာငါ သိ
ပါတယ် ချစ်လို့စတာကို ဘာ
ဖြစ်  ? "

" အခုတော့ နေ့လည်စာစား
အုံးနော် ညနေတွေ့မယ် ငါ့အချစ် "

" အင်း  "

မင်းတစ်ယောက်တည်းကသာကိုယ့်ရဲ့ကမ္ဘာWhere stories live. Discover now