part 2🍏

847 23 0
                                    

{Unicode}

ဆရာမတွေကို ကန်တော့ပြီးသွား တော့  ကောင်းမွန်တဲ့ သူတွေဖြစ်အောင် နေထိုင်ဖို့အောင်မြင်မှုတွေ ဆွတ်ခူးနိုင်အောင်
အမျိုးမျိုးသော ဆုံးမသြဝါဒတွေပေးကာဆုတောင်းပေးကြသည်

ကန်တော့ပွဲ အမှတ်တရဓတ်ပုံတွေ
လည်းရိုက်ကြသည် အတန်းဖော်အချင်းချင်းလည်း ရှေ့ဆက်တက်ရမယ့် တက္ကသိုလ်အကြောင်းတွေ ပြောကြ နိုင်ငံခြားမှာ
ကျောင်းသွားတက်ကြမဲ့ သူတွေနဲ့  
အမျိုးမျိုးသော ရည်မှန်းချက် ကိုယ်
စီဖြင့် ဘဝပန်းတိုင်ကို လျှောက်လှမ်းကာရှေ့ဆက်ကြရအုံးမည် 
 
ဆရာတွေ ဆရာမတွေစုပေါင်းကာ
အားလပ်ရက် ၄ရက် လောက်ယူပြီး
ကျောင်းသားတွေနဲ့ အတူခရီးထွက်ဖို့ ကျောင်းသားတွေထံမှ တောင်းဆိုသော
ကြောင့် ဆရာတွေအနေနဲ့လည်း
လိုက်လျောပေးကြရသည်  ကျောင်းပိတ်တုန်း
ကမသွားခဲ့တဲ့ ခရီးအတွက် အခုအခါ
ပြန်အစားထိုးသွားကြမည်ဖြစ်သည်  
ယခုနှစ်တွင် မိုးတွင်းရောက်နေပြီ ဖြစ်သော
ကြောင့် မိုးက ဘယ်အချိန်ရွာနိုင်မလဲ
မသိသော​အခြေအနေတွင်  ကမ်းခြေဘက်
သွားဖို့ကို မရွေးချယ်တော့ကြ အဲ့အစားရှေး
ဟောင်း သမိုင်းဝင်အမွှေအနှစ်တွေ ပေါကြွယ်ဝသော  ပုဂံသို့သွားရန် ရွေးချယ်လိုက်တော့သည်  ယခုအချိန်တွင် ပုဂံ၌မိုးမ
ရွာသေးသောကြောင့် လှည်ပတ်ရန်
အဆင်ပြေ​   ကြောင်းပြောထားသဖြင့်
၄ရက်တာခရီးအဖြင့် သွားလိုက်ရန်ဆုံး
ဖြတ်လိုက်တော့သည် 

အချိန်ပေးပြီး လှည်ပတ်လေ့လာသင့်
သော်လည်း မိုးအချိန်ဖြစ်သည့် အပြင်
ဆရာတွေက လည်းခွင့်ရက်မများကြီး
ယူရန်မဖြစ်သော အကြောင်းတွေကြောင့်
ယခုလိုသွားရန် သာတတ်နိုင်တော့သည်
 
နောက်နှစ်ရက် နေရင်သွားမှာဖြစ်သည့်
အတွက် လိုအပ်တာတွေကို အတွက်ပြင်
ဆင်ကြရန် အိမ်သို့ပြန်ကြသည်  နောက်ရက်
ကျခရီးအတွက် လိုအပ်တာသွားဝယ်ရန်  မိသားစုသုံးယောက် အတူစျေးဝယ်
ထွက်ကြရသည်  

သွန်းအတွက် ကျောင်းခရီးစဉ်တွေသွားတုန်းကနေ့ချင်း ပြန်ဖြစ်သည့်အတွက်
မိဘတွေနဲ့ ၄ရက်လောက်ခွဲရမှာဆိုတော့
နည်းနည်းတော့ စိတ်မကောင်းဖြစ်
ပေမဲ့လည်း  ခရီးစဉ်အတွက်လည်း
စိတ်လှုပ်ရှားနေမိ၏ကုန်တိုက်ရောက်
တော့  မေမေက လိုအပ်တာမှန်သမျှ
သူသာအကုန် ဝယ်ပေးနေသောကြောင့် 
သွန်းနဲ့ဖေဖေက အထုပ်တွေသာ ကူဆွဲပေး
ရလေသည် လိုအပ်တာကသိပ်မရှိပေမဲ့
မေမေမှာ အများကြီးဝယ်နေတာကြောင့်
မေမေကို ဖေကြီးကသာတားရတော့သည်

မင်းတစ်ယောက်တည်းကသာကိုယ့်ရဲ့ကမ္ဘာWhere stories live. Discover now