(Unicode)မျက်မှန်မတပ်ထားတဲ့ သူ့ရဲ့မျက်ဝန်း
တွေက အတော်လေးကို ဆွဲဆောင်မှုရှိ
လွန်းတယ် မျက်ခုံးမွှေးထင်းထင်းနဲ့
နှာတံမြင့်ပြီး နှူတ်ခမ်းပါးပါးလေးတွေက အနည်းငယ်ရဲနေပြီး သွားလေးတွေက
တော့ ဖွေးပြီး သွားစွယ်ချွန်ချွန်လေး
တွေကတော့ သူရယ်လိုက်ရင် လှပစွာထွက်ပေါ်လာနိုင်ပေမဲ့ သူက မရယ်ဘူးလေသူက ခွေးလေးကို မကိုက်ရဘူးလို့ပြော
ပြီး သွန်းကိုဘာတွေစပ်စပ်စုစု လာလုပ်
ပြန်ပြီလည်း ဆိုတဲ့ မျက်နှာဘေးနဲ့ကြည့်
နေလေရဲ့ သွန်းနဲ့ သူနဲ့ မျက်နှာချင်း ဆိုင်
ရပ်နေတာကြောင့် သူ့အရပ်က သွန်း
လောက်တော့ မရှိသေးပေမဲ့ အရမ်းပုမ
နေဘူးကွာလှမှ ၂လက်မလောက်ပေါ့
သူ့ကြည့်ရတာအဖြူရောင်ကိုအတော်
လေးကြိုက်ပုံရတယ် ဝတ်လိုက်တိုင်း
အဖြူရောင်မပါရင်မပြီးဘူး အဖြူရောင်က
လူတိုင်းနဲ့လိုက်ဖက်တာမျိုး မဟုတ်ဘူး
သွန်းဆိုရင်အဖြူရောင်ကို ကြိုက်ပေမဲ့
တော်ရုံမဝတ်ဖြစ်ဘူး ညစ်ပတ်လွယ်ပြီး
လျှော်ရတာ ခက်တာကြောင့် ဒီကောင်လေး
ဝတ်တာကျ ကြည့်ကောင်းပြီး
သန့်ရှင်းသပ်ရပ် နေတာဘဲသွန်းသူ့ကို ကြည့်ပြီးမနေ့က အကြောင်း
ကို တွေးမိတာကာ နေရခက်နေလေရဲ့ ပြော
စရာစကားမရှိတာပြီး ထော်လော်ကန့်လန့်
သာသူ့ကို ပြောလိုက်တော့သည်" ငါကလာချင် လွန်းလို့ လာတာ
မဟုတ်ဘူးမုန့်ဟင်းခါးလာပေးတာ
ပြီးရင်ပြန်မှာ ငါ့ကို မင်းအိမ်က တစ်ခုခု
ခိုး သွားမဲ့ သူလိုလာကြည့်မနေနဲ့"သွန်းပြောလိုက်တော့ သူကဘာမှမ
ပြောပေမဲ့သူ့ခွေးကတော့ မာန်ဖီပြနေလေရဲ့
သူ့သခင်ကိုပြောတာမကြိုက်ဘူးဆိုတဲ့
သဘောပေါ့"လူစီ ဘယ်လိုဖြစ်နေတာလည်း
ငြိမ်ငြိမ်နေ တွေ့ကတည်းက ရန်တွေ့မ
နေနဲ့ လေ "သူ့ခွေးလူစီကတော့ ငြိမ်သွားလေရဲ့
ဒါပေမဲ့ ဒီကောင်လေးက သူ့ခွေးကို ပြော
နေတာနဲ့ မတူဘဲ သွန်းကိုပြောနေတာနဲ့
ပိုတူနေတယ် ပြောနေတဲ့ပုံကလည်း
သွန်းကိုကြည့် ပြီးပြောလိုက်တာလေ
သွန်းမှာတော့ အံသြနေလေရဲ့ သူကဒီလို
တွေလည်း စောင်းပြောတတ်တာလား
YOU ARE READING
မင်းတစ်ယောက်တည်းကသာကိုယ့်ရဲ့ကမ္ဘာ
Romanceနာကျင်စရာအတိတ်တွေရှိနေပြီး ကိုယ့်မိခင်ရဲ့မတရားသေဆုံးမှု ကြောင့်ဖခင်ကိုမုန်းတီးပြီး အမှန်တရားအတွက်နဲ့ရင်ဆိုင်မဲ့ ဂုဏ်ရှိန်ခန့် ချစ်ရသူရှေ့ရောက်ရင်တော့သူရဲ့ရင့်သီးမှုတွေ မာကျောတွေကို မေ့ထားပြီးသန်မာချင်ယောင်ဆောင်နေတတ်သူ တစ်ခါတစ်လေမှာခွေးပေါက်လေးတစ်က...