part (32 )

165 10 0
                                    

{Unicode }

သန်ခေါင်းယံ ညအချိန်တွင်
အအေးဓာတ်က အနည်းငယ်
ပိုမို စိမ့်လာခဲ့သည်။ မိမိဘေး
တွင် ဘယ်သူမှမရှိတော့သလို
ခံစားချက်များနှင့် ပြည့်နှက်နေ
ပြီး အမှောင်ထုထဲ၌ ငိုကြွေးနေ
သော ကလေးတစ်ယောက်ကို
ဂုဏ်ရှိန်ခန့် ရပ်ကြည့်နေမိ၏။

မိမိရှေ့ရှိ ကလေးဟာ တဖြည်း
ဖြည်း ကြည့်လေ သူငယ်ငယ်
ကနှင့် တူလေဖြစ်လာပြီး ထို့
နောက် သူ့ရှေ့ကကောင်လေး
မှာ သူငယ်စဥ်ကနှင့် တစ်ပုံစံ
တည်းဖြစ်နေခြင်းကို တွေ့လိုက်
ရတော့သည်။

" ဟင် , အဲ့ကောင်လေးက
ငါမလား ? ဘယ်လိုဖြစ်လို့
လည်း  "

ရုတ်ခြည်းပင် အမှောင်ထုထဲ
ရှိ မြင်ကွင်းကနေ အိပ်ယာကု
တင်ပေါ်၌ ဝေဒနာခံစားနေရ
သော သူ့၏အမေအရင်းဖြစ်သူ
ကိုတွေ့လိုက်ရ၍ မိခင်ဖြစ်သူ၏
ဘေးတွင်လည်း ဖခင်ဦးသူရိန်
နှင့်အတူ မိထွေးဒေါ်ဆုမြတ်က
ကုတင်ဘေးတွင် ရပ်လို့နေခဲ့
တယ်။ ငယ်စဥ်ကသူဟာ အခန်း
အပြင် ထောင့်စွန်းတွင် သူတို့
မမြင်အောင် ပုန်းခိုပြီး အမေဖြစ်
သူကို ရပ်စောင့်ကြည့်နေခဲ့၏။

ယခုလက်ရှိ သူကတော့ပွဲကြည့်
သူတစ်ဦးကဲ့သို့

" ဒါတွေက ဘာတွေလည်း
ငါမေ့ခဲ့တဲ့ အတိတ်တွေလား ? "

ဂုဏ်ရှိန်ခန့်ဟာ ဘာကိုမှတွေး
မရခဲ့တော့ပါ ။

" ရှင်လုပ်မှာလား မလုပ်ဘူး
လား က်ုသူရိန်  "

မိထွေးဖြစ်သူ ဒေါ်ဆုမြတ်​အသံ
ကြောင့် ခန့်၏ သိလိုစိတ်များက
ပြင်းထန်သွားခဲ့တယ် ။

" ငါက ဘာလုပ်ရမှာလည်း  "

" တော်ပါတော့ ဆုမြတ်ရယ်
ကြည်ပြာကို ဒီအတိုင်းထား
လိုက်ပါတော့  "

" အို မထားန်ိုင်ပါဘူး ဆရာဝန်
ပြောတာ ရှင်မကြားဘူးလား
ဒီမိန်းမရဲ့ အခြေအနေက ကောင်း
နိုင်ခြေရှိတယ် ဆိုတာကိုလေ ကျွန်
မတို့ ဒီအထိရောက်လာပြီးမှ
အဆုံးသတ်လိုက် ကြရအောင်
နော်   "

" နော်လို့ ကိုယ်သူရိန် "

" မင်း !!ကတော့ကွာ  "

" ဘာတုန်းကိုသူရိန်ရဲ့ ရှင်အခု
မှ ဖြူစင်ခြင်ယောင် ဆောင်
မနေပါနဲ့ ဒီမိန်းမ အောက်ပိုင်း
သေပြီး အာရုံကြောထိထားတာ
ကလည်း ရှင်လှေကားပေါ်က
တွန်းချလို့လေ  "

မင်းတစ်ယောက်တည်းကသာကိုယ့်ရဲ့ကမ္ဘာWhere stories live. Discover now