{ Unicode }
ခန့်နှင့် သွန်း၏ ဟိုလိုလိုဒီလိုလို ဆက်ဆံ
ရေးဟာ ၁ပင် ပြည့်ခဲ့ချေပြီ မနက်တိုင်းလာ
ပို့တာမျိုး သို့မဟုတ် ညပိုင်းလာကြိုပေး
တာမျိုးကို ခန့်ဟာ လုပ်ပေးလာသည်
ဆေးရုံရှိလူများကပင် နှစ်ယောက်၏
ဆက်ဆံရေးကို စနောက်ကြလေ့ရှိ၏
ခန့်သည် သွန်း၏ ညဂျူတီဆင်းရသည့်
ညမျိုးတွင် မုန့်ပဲသရေစာအိတ်လိုက် ယူ
လာကာ တခြားသူများဖို့ ပင် တကူးတလာ
ယူလာပေးလေ့ရှိသည်မိမိ၏ ချစ်ဖို့ကောင်းလှသည် ကောင်လေး
သည် တခြားသူများပေါ် အေးစက်စက် ဆက်
ဆံတတ်သော်လည်း ကလေးတုန်းကလို
ဆိုးဆိုးရွားရွား မဟုတ်တာကြောင့် ထို
ကောင်စုတ်လေးကို အချစ်ပိုရမြဲ ရှက်ပြီး
မျက်မှောင်ကြုတ်ကာ သွန်းကိုယ့်ကို မစ
နဲ့တော့ဟူသော အသံလေးကိုပင် သူ့မှာ
အူယားရစမြဲပင် ထိုလူသားနှင့်ပတ်သတ်
လာလျှင် အရင်ကပင်ဖြစ်စေ အခုချိန်
ထိပင်ဖြစ်စေ အရာရာကို အပြစ်မမြင်
နိုင်တော့တာဟာ သွန်း၏ အကျင့်ဖြစ်ဟန်
တူတော့သည်ဒီစွဲမက်စရာကောင်းလှသည့် ကောင်လေး
ကို တွေ့ပြီးကတည်းကပင် သွန်းသည်
တော့ တစ်ခြားသော ယောကျာ်း မိန်းမ
များကို မကြည့်မိနိုင်တော့သလို ချစ်ဖို့
ဆိုတာ ပို၍ပင် မဖြစ်နိုင်တော့ပါဂုဏ်ရှိန်ခန့်ဆိုသော သူချစ်ရသော အမျိုး
သားကောင်းလေး၏ အသံ အမူအကျင့်
အကြည့်စူးစူးများ အလိုမကျလျှင် ကြုတ်
သွားတတ်သည့် မှောင်များ ပြုံးရယ်လိုက်
လျှင် လှစ်ဟာလာသည့် သွားစွယ် ဖွေးဖွေး
လေးများဟာ သူမရုန်းထွက်နိုင်သော ရပ်ဝန်း
တစ်ခုပင် ဖြစ်သည် တစ်နေ့ထက်တစ်နေ့
ပိုလွန်လာသော အချစ်များသာ တိုးပွား
လာရသည်ချစ်သည် သူအင်မတန်ကိုမှပင် ချစ်သည်
ထိုကောင်လေးနှင့် ပတ်သက်လာလျှင်
အရာအားလုံးဟာ သွန်းစက်မိုးအတွက်
တော့ မြတ်နိုးဖွယ်ရာ အတိပင် ထိုအမျိုး
သားလေးကသာ သူဘဝရဲ့တစ်ခုတည်း
သော အသည်းထဲထိ နစ်နေအောင်
ချစ်ပေသည်ဒီနေ့ ညဂျူတီမရှိတာကြောင့် အဝတ်အစား
အချို့ကို ထည့်လာပြီး ခန့်နှင့် လာနေရန်
ဂတိပေးထားသည် စားသောက်ပြီး သွား
တာကြောင့် နှစ်ယောက်သား ဆိုဖာပေါ်
မှာ အတူထိုင်ကာနေကြသည် သွန်းအရင်က
တွေ့ခဲ့ရသော ခွေးလေး လူစီကို သတိရမိ
တာကြောင့် ခန့်ကို မေးခွန်းထုတ်လိုက်လေ၏

YOU ARE READING
မင်းတစ်ယောက်တည်းကသာကိုယ့်ရဲ့ကမ္ဘာ
Romanceနာကျင်စရာအတိတ်တွေရှိနေပြီး ကိုယ့်မိခင်ရဲ့မတရားသေဆုံးမှု ကြောင့်ဖခင်ကိုမုန်းတီးပြီး အမှန်တရားအတွက်နဲ့ရင်ဆိုင်မဲ့ ဂုဏ်ရှိန်ခန့် ချစ်ရသူရှေ့ရောက်ရင်တော့သူရဲ့ရင့်သီးမှုတွေ မာကျောတွေကို မေ့ထားပြီးသန်မာချင်ယောင်ဆောင်နေတတ်သူ တစ်ခါတစ်လေမှာခွေးပေါက်လေးတစ်က...