part 16 🌽

299 14 0
                                    

{Unicode}

ခန့်ရဲ့နှုတ်ခမ်းပါးတွေက သွန်းပါးပြင်ပေါ်
သို့ နူးညံ့စွာကျဆင်းလာခဲ့သည် လိုချင်ခဲ့
တဲ့ အနမ်းတွေဟာ တကယ်ဖြစ်လာတဲ့အ
ချိန်မှာတော့ သွန်းမပျော်နိုင်တော့ပါ
နှုတ်ဆက်အနမ်းတွေပါဘဲ သူထွက်သွား
တော့မှာကို  ရှေ့ဆက်မတိုးခဲ့သင့်သည်ကို
ရှေ့ဆက်ခဲ့တာကြောင့် တကယ်နာကျင်ရ
သူဟာ ကိုယ်ကိုတိုင်ဘဲလား

ပါးပြင်မှတစ်ဆင့် နဖူးပေါ်သို့ညင်သာ
စွာရောက်လာတဲ့ အနမ်းတွေကိုမျက်လုံး
စုံမှိတ်လျှက်သာ ခံယူနေမိသည် မျက်ရေ
တွေကတော့ စီးကျလျှက်ပါပင် ဒါဟာအိပ်
မက်တစ်ခုသာ ဖြစ်ခဲ့ရင်ကောင်းမည် ခန့်
ရဲ့ အနမ်းတွေကိုမရရင်နေပါ အဓိကသူ
ထွက်မသွားဖို့သာသွန့်ရဲ့ နေ့ရက်တိုင်းမှာ
ခန့်ကို ပါဝင်စေချင်ခဲ့တာ

တွေးမိတဲ့ အတွေးတွေကိုတော့ချစ်ရသူ
ရဲ့အသံကြောင့် မဖြစ်နိုင်တဲ့အရာကို
တောင်းတမိနေမှန်း အသိပြန်ဝင်လာ
တော့သည်

   " ငါ့ရဲ့ အဖြေကို မင်းနားလည်မှာပါ "

  "စောင့်နေပေးပါ ကျေးဇူးပြုပြီးတော့
ငါတစ်ယောက်တည်းအတွက် ငါပြန်လာ
ခဲ့ရင် မင်းကြားချင်တဲ့စကားကိုသေချာ
ပေါက် ငါပြောမှာပါ အခုတော့ မဖြစ်နိုင်
သေးဘူး "

   " သွန်း တစ်ချို့သောစည်းတွေကို
ကျော်ဖြတ်ဖို့ အတွက်က ငါ့အတွက်
ခက်ခဲလွန်းတယ် အထူးသဖြင့် မင်း
နဲ့ ပတ်သတ်လာရင် "

  " မင်းကို ငါသတိပေးခဲ့ပါတယ်
  ငါ့ကိုသံယော်ဇဉ်မတွယ်မိဖို့
ဒါပေမဲ့ မင်းကစကားနားမထောင်
ခဲ့ဘူးလေ "

" မငိုပါနဲ့တော့ မျက်ရည်တွေကမင်း
နဲ့မလိုက်ဖက်ဘူး "   ခန့်ရဲ့အပြောတွေ
က သွန်းကိုပို၍ပင် မျက်ရည်ကျစေမိ
သည် သူ့ရဲ့ ရင်ဘတ်တွင်မျက်နှာအပ်
လျက် ငိုကျွေးနေတဲ့ သွန်းဟာ ကလေး
ဆိုးလေး တစ်ယောက်နဲ့ပင် တူနေသေး
သည်

ပါးပြင် ဖွေးဖွေးလေးက ငိုထားတာ
ကြောင့် အနည်းငယ်နီရဲလျှက် နှာခေါင်း
ထိပ်လေးတွေဟာလည်း ရဲနေလျှက်
မျက်တောင်ရှည်ရှည်လေးတွေ ကတော့
မျက်ရည်စက်လေးတွေ တွဲခိုလျှက်ပင်
တသိမ့်သိမ့်တုန် နေတဲ့ခန္တာကိုယ်သေး
သေးလေးဟာ သူနဲ့မတိမ်းမယိမ်းရှိတဲ့
ကောင်လေးရဲ့ ရင်ခွင်ကိုမှီထားလျက်
ရှိနေသည် သွားနဲ့နှုတ်ခမ်းတွေကို ဖိ
ကိုက်ထားတာကြောင့် အရင်ကထက်
ပင်ရဲရဲနီနေတော့သည် မျက်ရည်စက်
တွေနဲ့ သွန်းဟာ မျက်ရည်မကျသင့်
ပေမဲ့ သူ့ရဲ့အလှတရားဟာ အင်မတန်
မှကို ပေါ်လွင်နေတော့သည်

မင်းတစ်ယောက်တည်းကသာကိုယ့်ရဲ့ကမ္ဘာWhere stories live. Discover now