part 17🥕

273 13 0
                                    

(Unicode)

ရန်ကုန်မြို့ရဲ့ နွေရာသီဟာ ပူပြင်းလွန်းလှ
သည်ရွက်ဟောင်းရွေ၍ ရွက်နုတွေဝေနေ
တဲ့ သစ်ကိုင်းများပေါ်တွင် ငှက်များကနား
ခိုကာ တကျီကျီနဲ့ရှိနေကြသည် တဟုန်း
ဟုန်းတက်လောင်နေသကဲ့သို့ ကတ္တာရာ
လမ်းတွေဟာ အပြင်ထွက်၍လမ်းလျှောက်
ဖို့ရာ လူကိုအဆင်မပြေဖြစ်စေသည် သို့ရာ
တွင် ဝမ်းစာအတွက်လုပ်ကိုင်နေကြရတဲ့
သူတွေအတွက်ဟာဖြင့် ထိုအပူမှာမမှုပေ
ပူပြင်းလှတဲ့ နေပူရှိန်ဟာ လူတွေရဲ့သောက
မီးနဲ့ ယှဥ်လိုက်လျှင် မပြောပါ့တော့ပေ

ရန်ကုန်မြို့ရဲ့ ပြည်သူ့ဆေးရုံတစ်ခုအတွင်း
မှာတော့ ဆူညံလျှက်ရှိနေကြသည် အမျိုး
မျိုးသော မတော်တဆမှုတွေကြောင့်ကော
ရောဂါအခံရှိသူတွေနဲ့ ပြေးလွှားနေကြတဲ့
ဆရာဝန်တွေဟာ အမောတကောနဲ့ရှိလျှက်
ပင် ချွေးများဟာလည်း ရာသီဥတုအပူ
ဒဏ်ကြောင့်လား ပင်ပန်းလွန်းတာကြောင့်
လား ရေလားချွေးလား မသိအောင်ပင်
ရောထွေးနေတော့သည်

ဒီရက်ဆေးရုံအတွင်းမှာ သာမန်ထက်လူနာ
များ များပြားနေတော့သည် မတော်တဆ
မှုအမျိုးမျိုးကြောင့် ရောက်လာသူများ
မှာပို၍ပင် များနေတော့သည် သွန်းဆက်မိုး
ဟာ ခွဲစိတ်ဆရာဝန်ဖြစ်တာကြောင့် ခွဲစိတ်
ကုသပေးရမည့် အရေးပေါ်လူနာများမှာ
တန်းစီလျက်ပင် တစ်ပတ်လုံးမနားရသေး
သည့် အပြင်ကောင်းမွန်စွာလည်း မအိပ်
စက်ခဲ့ရ ထမင်းစားချိန်တောင် နပ်မမှန်ခဲ့
ဆေးရုံအတွင်း ခွဲစိတ်ကုသပေးနိုင်သည့်
ဆရာဝန်မှာ နည်းပါးလှသည် ရှိသည့်လူ
နှင့်သာ လုံလောက်အောင်လုပ်နေရတာ
ကြောင့် သွန်းစက်မိုးတို့ အဖွဲ့သားများ
မှာ ခြေကုန်လက်ပန်းကြလျှက်ရှိနေ
တော့သည်

ယခုလည်း ထိုနည်းတူစွာ ခွဲစိတ်ခန်းထဲ
တွင် ဆရာဝန်များမှာ လူနာ၏ အသက်
ကို ကြိုးစားပန်းစား ကယ်တင်နေရသည်
အသက်ရှင်ဖို့ ရာ ငါးဆယ်ရာခိုင်နှုန်းသာ
ရှိသည့် လူနာဖြစ်သည့်အပြင် အသက်အ
ရွယ် ကြီးသူတစ်ယောက်ဖြစ်တာကြောင့်
ပို၍ပင် အားစိုက်ထုတ်လျှက်ရှိကြသည်
ဆေးအကူ nurse မလေးရဲ့အသံဟာ
ခွဲခန်းထဲတွင် စိုးရိမ်စွာ ထွက်ပေါ်နေတော့
သည်

မင်းတစ်ယောက်တည်းကသာကိုယ့်ရဲ့ကမ္ဘာTempat cerita menjadi hidup. Temukan sekarang