{Unicode}
ခန့်ရဲ့ နေမကောင်းဆိုတာက ကိုယ်ပူ
ရုံလေးပါ ဆေးသောက်လိုက်ရင် ပျောက်
သွားပေမဲ့ အပျင်း တစ်နေတဲ့ ခန့်ဟာ
ကျောင်းမသွားခဲ့ဘူး တစ်ပတ်လုံးကို အနား
ယူနေခဲ့တယ် သွန်းပြန်လာတိုင်း ခန့်
ဟာ ဒန်းလေးပေါ်မှာ ထိုင်နေမြဲ အနွေး
ထည်လည်းမဝတ်ထားတဲ့သူကြောင့်
စိတ်ညစ်ရသည်အနွေးထည်ဝတ်ဖို့ကို မဝတ်ဘဲ ပေခံနေ
တတ်တဲ့ သူကြောင့် ကိုယ်ကသာ သူ့အ
ဝတ်ဗီရိုထဲက ယူပြီး ဝတ်ခိုင်းရသည်
ပြောလည်း မရတဲ့ခန့်ကြောင့်
သွန်းသာ လုပ်ပေးရတော့သည်ကျောင်းပျက်ရက်တွေ များနေတာ
ကြောင့် စာမရမှာကို သွန်းကသာတွေး
ပြီး ခန့်ကတော့ သူနဲ့မဆိုင်သလို ကျောင်း
သွားဖို့ပြောလည်း မသွားဘူးလို့
ငြင်းနေပြန်လေသည် ဘာကြောင့်များ
ကျောင်းကိုမသွားချင်ရတာလည်းလို့
မေးရင်ပြန်ဖြေတာကတော့ ဆူညံလို့တဲ့
စာတွေမလိုက်နိုင်ရင်ကောလို့ မေးပြန်ရင်
လည်း သူပြန်ဖြေတာက"မင်းရှိနေတာဘဲ "
လို့ပြန်ဖြေတတ်သေးသည်
ပြန်ပြောလိုက်ချင်ပါသည် ငါရှိနေပေမဲ့
စာမေးပွဲသွားဖြေပေးလို့ရတာမှမဟုတ်
တာလို့ ဒါပေမဲ့လည်းသွန်းမပြောခဲ့ပါ
သွန်းကို အားကိုးတဲ့သူ့ရဲ့စိတ်လေးကို
မဖျစ်စီးချင်ခဲ့ဘူး ခန့်စာလိုက်နိုင်
အောင်သာ သင်ပေးမယ်လို့စိတ်
ဆုံးဖြတ်ပြီးသားအခုဆိုရင် ခန့်ကို စာသင်ပေးနေ
သည်မှာ တစ်ပတ်တောင်ပြည့်သွားခဲ့
းပြီ စာသင်ပေးတယ်ဆိုပေမဲ့လည်း
ခန့်ကြည့်ရတာ အကုန်ရနေသလိုလို
သွန်းတောင် သိပ်သင်ပေးစရာမလိုဘူး
တစ်ခါတစ်လေသူမေးတဲ့ သချာ်ပုစ္တာတွေ
ကိုကြည့်လိုက်ရင် အရမ်းလွယ်တာတွေဘဲ
မေးလေ့ရှိသည်သွန်းက ခက်တာတွေရှင်းပြချင်ပေ
မဲ့လည်းသူက ရတယ်လို့သာပြောသည်
တကယ်လည်းတွက်ခိုင်းရင် အဖြေမှန်သည်အဂ်လိပ်အသံထွက်ကလည်း ကောင်း
လွန်းလှတာကြောင့် သွန်းတောင် ခန့်ဆီ
ကသင်ရမလိုလိုဖြစ်သည် ခန့်ကအရမ်းဉာဏ်ကောင်းတယ် သူ့ကို စာသင်ပေးတဲ့အချိန်ကျရင် ငေးမောလေ့ရှိပြီး တစ်ခါ
တစ်လေ သွန်းကို စိုက်ကြည့်နေပြန်
သည် ခန့်ရဲ့အကြည့်စူးစူးတွေကို ခံနိုင်
ရည်မရှိတဲ့ ကိုယ်ကသာ အရင်အကြည့်
လွှဲရသည်

YOU ARE READING
မင်းတစ်ယောက်တည်းကသာကိုယ့်ရဲ့ကမ္ဘာ
Romanceနာကျင်စရာအတိတ်တွေရှိနေပြီး ကိုယ့်မိခင်ရဲ့မတရားသေဆုံးမှု ကြောင့်ဖခင်ကိုမုန်းတီးပြီး အမှန်တရားအတွက်နဲ့ရင်ဆိုင်မဲ့ ဂုဏ်ရှိန်ခန့် ချစ်ရသူရှေ့ရောက်ရင်တော့သူရဲ့ရင့်သီးမှုတွေ မာကျောတွေကို မေ့ထားပြီးသန်မာချင်ယောင်ဆောင်နေတတ်သူ တစ်ခါတစ်လေမှာခွေးပေါက်လေးတစ်က...