part 9 🍒

400 13 0
                                    

{Unicode}

ပြန်လည်ဆုတ်ကိုင် လာတဲ့လက်ချောင်း
တွေကြောင့်ဂုဏ်ရှိန်ခန့် မှာ တုန်လှုတ်သွား
မိသည် သို့သော်လည်းသူမရုန်းခဲ့ဘူး
နွေးထွေးလှတဲ့လက်ချောင်းတွေက
သူရဲ့အေးစက်နေတတ်တဲ့ လက်ချောင်း
တွေနဲ့ယှဉ်အတော်လေးကို သက်တောင့်
သက်တာဖြစ်လှသည်

အချိန်တော်ကြာအောင် တစ်ယောက်
ကလည်းလွှတ်မပေးခဲ့သလို ကျန်တဲ့
တစ်ယောက်ကလည်း ရုန်းထွက်ခြင်းမရှိခဲ့
ပေ တတ်ဆိတ်ငြိမ်သက်နေတဲ့လေ
ထုကိုတော့ ချယ်ရီ၍ဦးမှဖြိုခွင်းလိုက်
တော့သည်

"သွန်းစက်ရေ ငါမနက်ဖြန်လည်း
လာရမှာမလား"

ဟုမေးကာ ခေါင်းလှည့်လာတာကြောင့်
သွန်းမှာခန့်ရဲ့လက်တွေကို လွှတ်လိုက်ပြီး
ပေါင်ပေါ်အမြန်ပြန်တင်လိုက်တော့သည်
ခန့်လည်းအခုမှ သတိဝင်လာပုံပေါ်ပြီး
အနေရခက်နေတဲ့ပုစံလေးက အနည်းငယ်
ပေါ်လွင်နေတော့သည်

ချယ်ရီဦးမှာ မေးခွန်းတွေကို မနားတမ်း
မေးမြန်းနေတော့သည် ကားမောင်းပေးတဲ့
ဦးလေးကြီးနဲ့လည်း တည့်သွားပြန်ပြီး
စပ်စုနေပြန်တော့သည်

ဦးလေးကြီးမှာလည်း မိမိရဲ့သူငယ်
ချင်းမလေးမေးတာကို မညီးညူဘဲ
ပျော်ရွှင်နေစွာရှင်းပြနေတော့သည်
မေးတဲ့သူကလည်းမေးနိုင်သလို
ဖြေတဲ့သူကလည်းစိတ်မကွက်ဘဲ
ဖြေပေးနေတာကြောင့် ခုနကနေရ
ခက်နေတဲ့လေထုက ပြေလျော့သွားပြီး
သဟဇတဖြစ်လှသည် ချယ်ရီဦးမှာ
ခန့်ကိုလည်းခိုးခိုးကြည့်ရသေးတယ်
သွန်းကိုတော့စကားပြောသလိုလို
လုပ်ပြီး ခန့်ကိုတော့အပြည့်အဝငမ်းနေတော့သည်

သူရဲ့အကြည့်တွေကို ခန့်ကသိပေမဲ့
အကြည့်တစ်ချက်တောင်မစွန့်ကျဲခဲ့
ချယ်ရီဦးမှာမနေနိုင် မထိုင်
နိုင်ထပ်မေးပြန်သည် ကြာတော့ခန့်
လည်းစိတ်ရှုတ်နေတဲ့ပုံကြောင့်

"မင်းက ဘာလို့အဲ့လောက်တောင်
အမေးအမြန်းထူနေရတာလည်း
ငြိမ်ငြိမ်လိုက်တာမဟုတ်ဘူး "

ခန့်အပြောကြောင့် ချယ်ရီဉီးမှာ
ဒေါသထွက်သွားတော့သည် ရန်ထ
ဖြစ်မှာစိုးတာကြောင့် သွန်းကဘဲကြားမှ
ဝင်တားရတော့သည်

မင်းတစ်ယောက်တည်းကသာကိုယ့်ရဲ့ကမ္ဘာWhere stories live. Discover now