{Unicode}
ထိုလူဆီသို့ သွန်းသွားနေစဥ်မှာ ခံစားချက်
ဟာ ထူးဆန်းလှသည် သူ့ဆီသို့ လျှောက်
လှမ်းနေစဥ်မှာပင် သွန်းရဲ့နှလုံးခုန်သံဟာ
စည်းဝါးလွှတ်စွာ အခုန်မြန်နေတော့သည်
သည်ထူဆန်းလှသည့် ခံစားချက်ကို သွန်း
ကိုယ်တိုင်ပင်မသဲကွဲလှ သွန်းတွေးမိသည်က
တော့ ဒီလူဟာ အန္တာရယ်များတဲ့သူ ဖြစ်တာ
ကြောင့် မသိစိတ်ကကြောက်နေမိတာများ
လား မှောင်ရိပ်သန်းနေတဲ့ ကားလမ်းမကြီး
ဟာ ကားအနည်းငယ်သာရှိသည် နွေရာသီ
ညဘက်မှာ တိုက်နေတဲ့လေဟာ ချွေးတွေ
စိုနေတဲ့သူတွေကို အေးစေလိမ့်မည်အနီးနားရောက်တော့မှ ရဲတွေဟာမြေပြင်ပေါ်
တွင် အနာတရဖြစ်ကာလဲနေသူများကို
ဆေးရုံပို့ခိုင်းပြီး အနည်းငယ်ကောင်းသေး
သည့် ၂ယောက်လောက်ကိုစစ်မေးနေသေး
သည် သွန်းကိုလည်းမျက်မြင်သက်သေဖြစ်
တာကြောင့် မေးခွန်းများကိုမေးနေလေသည်
သွန်းကတော့ မြင်ခဲ့ရသည့် ဖြစ်စဥ်ကိုရှင်းပြ
နေရသည် သွန်းအနေရပ်ခက်မှုကို ခံစားလာ
ရသည် အဘယ်ကြောင့်ဆိုသော် ထိုဘေ့စ်ဘော
တုပ်နဲ့ ချခဲ့သည့်လူဟာ သွန်းကိုမျက်တောင်မ
ခပ်တန်းစူးစိုက်ကြည့်နေတာကြောင့်ပင်
သွန်းအနည်းငယ်တော့ လန့်မိသည် ထိုလူ
ဟာ ကောင်းတဲ့သူလား ဆိုးတဲ့သူလား
မသိရသေးသလို သူ့ပြသာနာကို ပါဝင်
လိုက်တာကြောင့် သွန်းကို ရန်ရှာလာနိုင်
မလားဆိုတာမသိနိုင်ပေထိုလူနဲ့ ယှဥ်ချရအောင်လည်း ခန္ဓာကိုယ်
ချင်းမမျှသည့်အပြင် အရပ်ကလည်း
ကွာသေးသည် ပြီးလျှင် ယခုလေးမှထိုလူ
ရဲ့တိုက်ခိုက် ကျွမ်းကျင်ပုံကို မြင်လိုက်ရ
တာကြောင့်ပင် အကယ်၍များသာ ထိုလူ
ဟာ သွန်းကိုပြသာနာရှာလာရင်ဖြင့် ဒုက္ခဘဲ
သွန်းဟာ အရပ် ငါးပေကိုးလက်မရှိတာ
ကြောင့် အရပ်ပုတဲ့ထဲမပါသော်လည်း ထို
လူနဲ့ ယှဥ်လိုက်ချိန်မှာတော့ အတော်လေး
ပုသွား သလိုပင်ခံစားလိုက်ရသည် သူများ
တွေလို six pack တွေမရှိပေမဲ့လည်း
one pack လည်းဖြစ်မနေဘဲ အသင့်အ
တင့် သာဖြစ်သည် ထိုသူရဲ့အကြည့်တွေကို
မမြင်ချင်ယောင်ဆောင်ကာ ရဲတွေမေးနေ
သည့် မေးခွန်းများကိုသာ ဖြေနေတော့သည်

YOU ARE READING
မင်းတစ်ယောက်တည်းကသာကိုယ့်ရဲ့ကမ္ဘာ
Romanceနာကျင်စရာအတိတ်တွေရှိနေပြီး ကိုယ့်မိခင်ရဲ့မတရားသေဆုံးမှု ကြောင့်ဖခင်ကိုမုန်းတီးပြီး အမှန်တရားအတွက်နဲ့ရင်ဆိုင်မဲ့ ဂုဏ်ရှိန်ခန့် ချစ်ရသူရှေ့ရောက်ရင်တော့သူရဲ့ရင့်သီးမှုတွေ မာကျောတွေကို မေ့ထားပြီးသန်မာချင်ယောင်ဆောင်နေတတ်သူ တစ်ခါတစ်လေမှာခွေးပေါက်လေးတစ်က...