part 21

250 16 0
                                    

{ Unicode}

နားရက် ၃ရက်ပြီးသည့် နောက်မှာတော့
သွန်းတစ်ယောက် တရားဝင်အလုပ်ပြန်
ဆင်းရတော့မည် ထိုနေ့က လူ၇ယောက်နဲ့
တိုက်ခိုက်ခဲ့သည့် လူကိုလည်း ပြန်မတွေ့ရ
တော့ပေ ထိုလူ၏ မိမိအား ဖုန်းနံပါတ်တောင်း
ခြင်းကို မပေးလိုက်မိတာကြောင့် အနည်းတော့
နှမျောဖို့ ကောင်းသည်ဟု တွေးမိသော
မိမိ၏ အတွေးကိုပင် မယုံနိုင်အောင်ဖြစ်မိ
တော့သည်

' သွန်းစက်မိုး မင်းဘာတွေနှမျောနေရတာတုန်း'
ကိုယ့်ကို သတိပေးပြီး ထိုလူ့အကြောင်း
ခေါင်းထဲကရှင်းထုတ်မှ ဖြစ်တော့မည်

ဆေးရုံသွားဖို့ ကားဆက်နိုးနေစဥ် ဖုန်း
အသံမှာ ကျယ်လောင်စွာ ထွက်ပေါ်လာ
သောကြောင့် သွန်းတစ်ယောက် ဖုန်းကိုင်
ဖို့ ပြင်လိုက်တုန်း ခေါ်ဆိုသူမှာ မိမိ၏
သူငယ်ချင်းမလေး ဖြစ်သော ချယ်ရီဦး၏
ခေါ်ဆိုမှုပင် ဖြစ်ပေသည်

" အေးပြော ဘာဖြစ်ပြန်ရတာတုန်း"
သွန်းသည် ရွတ်နောက်နောက်အသံဖြင့်
အရင်ဦးအောင် စကားစလိုက်တော့
ချယ်ရီဦးမှာ ဖြင့်

" သွန်း နင်ဟာလေ ငါ့ကိုဖုန်းလေးတောင်
မဆက်ဘဲနေနိုင်တယ်နော် အမြဲငါ့ဘက်က
ဘဲ ဆက်နေရတယ် အခုဆက်ပြန်တော့
လည်း ငါ့ကို အရှုတ်ထုတ်လိုဆက်ဆံပြန်တယ်"
ထိုသို့ ပြောနေသော မိမိ၏ သူငယ်ချင်းမ
လေးမှာ ဖုန်းတစ်ဖက်တွင်တော့ နှုတ်ခမ်း
ဆူပုတ်နေသော အမူအရာဖြစ်နေမှာ တွေး
ကြည့်စရာပင်မလိုချေ။

" ငါက နင့်ကိုစတာပါ မချယ်ရီရဲ့ ဖုန်းမဆက်
တာကလည်း ငါမအားလို့လေ ကဲပြော
ငါ ဆေးရုံသွားရအုံးမယ် "

" နင်က ပြည်သူ့ပိုင် ဆေးရုံဆိုတော့ ပိုက်ဆံရ
တာနည်းတယ်လေ အဲ့တာကြောင့် ငါက
နင် မိသားစုဆရာဝန်လုပ်ချင်လားလို့လေ"

" ဘယ်လို မိသားစုဆရာဝန် ရှင်းပါအုံး"

"မဟုတ်ဘူးလေဟာ ငါပြောချင်တာက
မိသားစုဆရာဝန်ဆိုပေမဲ့ လူတစ်ယောက်
တည်းရဲ့ ကျန်းမာရေးကိုဘဲ ဂရုစိုက်ပေး
ရမှာ ပြောရရင် အဲ့သည်လူအတွက် ကိုယ်
ပိုင် ဆရာဝန်ပုံစံမျိုး လစာကလည်းများ
တယ် နောက်ပြီး သူ့အနားမှ နင်တစ်ချိန်လုံး
ရှိနေစရာတော့ မလိုဘူး "

မင်းတစ်ယောက်တည်းကသာကိုယ့်ရဲ့ကမ္ဘာWhere stories live. Discover now