part 22

248 15 2
                                    

{Unicode}

သွန်းတစ်ယောက် ညနေအလုပ်ကြိုဆင်း
ပြီး ဂျူတီကုတ်လဲကာ ထွက်လာလိုက်
သည် မိမိသွားရမည့်နေရာမှ ဆေးရုံကိုလား
အပြင်ဆိုင်ကိုလားမသိတာကြောင့် ဘောင်း
ဘီအိတ်ထဲမှ ဖုန်းကို ထုတ်ပြီးကားဆီသို့
သွားရင်း ချယ်ရီဦးထံသို့ ဖုန်းလှမ်းဆက်
လိုက်လေသည်

  " အေး ချယ်ရီရေ ငါဘယ်ကို လာရမလည်း"

  " ဆေးရုံကိုဘဲလား "
ဖုန်းတစ်ဖက်မှ ချယ်ရီဦးမှာတော့

" မဟုတ်ဘူး သွန်းဆေးရုံကိုမလာနဲ့
မစန္ဒာတို့ အိမ်ကိုသာလာခဲ့ "

" ငါတော့ ဆေးရုံအုပ်ကြီးနဲ့ အတူလိုက်
သွားနှင့်ပြီ ဟိုမှာတွေ့ကြမယ်"

  " ကောင်းပြီ ငါလာခဲ့လိုက်မယ်"
သွန်း ဘာကြောင့်မှန်းမသိ
စိတ်လှုတ်ရှားနေမိ၏ ဒီလိုမျိုးအရင်က
မလုပ်ဖူးပေမဲ့ လူနာတွေကို ဂရုစိုက်ပေးရ
သလိုမျိုး လုပ်ပေးယုံဟုသာ ကိုယ့်ဘာ
သာတစ်ယောက်တည်း နှစ်သိပ့်သည့်
သဘောမျိုးဖြင့်  ကားစက်နှိုးပြီးသွား
တော့သည်

ရန်ကုန်မြို့၏ ညနေခင်းတွေဟာ အမြဲကား
ပိတ်နေလေ့ရှိသည် ကြိုထွက်လာခဲ့တာ
တောင် ကားပိတ်တာကြောင့် သွန်းတစ်
ယောက် စိတ်ပျက်မိတော့သည် သာမန်အချိန်
ဆို ဘာမှ မဖြစ်ပေမဲ့ တွေ့ဆုံမှုကို ကိုယ့်
ဘက်က တစ်ခြားသူတွေကို အကြာကြီး
စောင့်ရအောင်တော့ မလုပ်ချင်ပေ။

နောက်ဆုံးမှာတော့ သွန်းစက်မိုးအနေဖြင့်
သက်ပြင်းသာယဲ့ယဲ့ချနိုင်တော့သည်
ဆေးရုံအုပ်ကြီး အိမ်ရှေ့ရောက်နေပြီ
ဖြစ်သောကြောင့် အိမ်တွင် အလုပ်လုပ်နေ
သော ကောင်မလေးမှာ သွန်းအား အပြေး
လေးတံခါးလာဖွင့်ပေးလေသည်

သွန်းတစ်ယောက် ခြံထဲသို့ ကားဝင်လိုက်ပြီး
ကားပေါ်က ဆင်းကာ အကျီ်ပုံကို အနည်း
ငယ် သပ်ရပ်သွားအောင် ပြင်ပြီးမှ အိမ်ထဲ
သို့ ဝင်သွားတော့သည်

ဧည့်ခန်းသို့ ရောက်ရောက်ခြင်းပင် ဆေး
ရုံအုပ်နဲ့ ချယ်ရီဦးမှာ သွန်းမတ်တပ်ရပ်နေ
သည့်နေရာဖြင့် မျက်နှာချင်းဆိုင် ထိုင်နေပြီး
သွန်းကျန်းမာရေးစစ် ဆေးပေးရမည့်သူမှာ
တော့ ကျောပေးထိုင်နေလေ၏ ထိုနောက်
ကြောအား ရင်းနှီးတယောင်ယောင်ရှိပေမဲ့
လို့ စဥ်းစားသော်လည်း ဘယ်သူဘယ်ဝါ
ဆိုတာ သူသေချာမသိနိုင် ။

မင်းတစ်ယောက်တည်းကသာကိုယ့်ရဲ့ကမ္ဘာWhere stories live. Discover now