part 11🥭

359 16 0
                                    

{Unicode}

ဘာကြောင့်များ အလိုမကျမှုတွေများ
နေရတာဟုမေးမိချင်သည် သူနဲ့မလိုက်ဖက်
လှတဲ့ အမူအရာတွေကို ဒီကောင်လေးဟာ
သိပ်လုပ်လွန်းတယ် မထင်ထားမိတဲ့
  အရာတွေကိုလည်း ထထလုပ်နေတာကြောင့် သွန်းမှာ အမြဲအံ့သြရတော့သည်

   "ငါသူမကို  သဘောမကျဘူးသွန်း "

သူဒီလိုပြောလာလိမ့်မယ်လို့ မထင်ခဲ့ဘူး
အဲ့ဒါကြောင့်မနက်က ချယ်ရီကို ဘုကန့်
လန့်ပြောနေပြီး သွန်းကိုတောင်စိတ်
ကောက်နေသေး တာကို သွန်းပြန်လည်
မေးခွန်းထုတ်လိုက်မလို့ဘဲရှိသေးတယ်
ခန့်ကထပ်၍ပြောလာပြန်တယ်

  "မိန်းကလေးနဲ့ ယောကျာ်းလေးက
အရမ်းပူးပူးကပ်ကပ်မနေသင့်ဘူးမလား 
သူကမင်းကိုအရမ်းလိုက်ကပ်နေသလိုဘဲ"

   "စကားကလည်း များသေးတယ်
ပြီးတော့အော်ကြီး ဟစ်ကျယ်နဲ့ "

   သွန်းရယ်မိတော့သည် သွန်းရယ်လိုက်
တော့သူက သွန်းကို အကြည့်စိမ်းစိမ်းနဲ့
ကြည့်နေပြီးမျက်စောင်းတစ်ချက်ထိုး လိုက်တော့သည် ပြောပါတယ် ဒီကလေးက
အတော်လေးချစ်ဖို့ကောင်းတယ်လို့

နားလည်မှု လွှဲသွားမှာစိုးတာကြောင့်
ဘာမှမသိသေးတဲ့ ကောင်လေးကိုရှင်း
ပြရတော့သည်

  " ချယ်ရီက အဲ့လိုပါဘဲခန့်ရဲ့ သူက
ငါ့ကိုမှမဟုတ်ဘူး ဝေယံအပေါ်မှာလည်း
ဒီလိုပြုမူနေကြ အသံကျယ်တာကတော့
ငါကော ဝေယံကောတားပေမဲ့မရဘူးလေ
သူ့မှာဘာစိတ်မှမရှိပါဘူး"

"   ငါနဲ့ပေါင်းလာတာက ၇တန်းကတည်း
က သူနဲ့က မိန်းကလေးလို့တောင်မထင်
မိတော့ဘူး ပြီးတော့ ငါတို့သုံးယောက်လုံး
က သူငယ်ချင်းတေဘဲတစ်ယောက်နဲ့ တစ်ယောက်ဘာစိတ်မှမရှိဘူးလေ"

  "အဲ့ဒါကြောင့် မင်းသူ့ကိုမမုန်းပါနဲ့ " 

သွန်းပြောလိုက်တော့ သူက ထပ်ပြော
သေးသည်

   "မင်းကသူ့ကို ကာပြောပေးနေတာဘဲ
သွန်းငါသူ့ကို မုန်းမယ်မမုန်းဘူး ဆိုတာ
ကို ငါဘဲဆုဲးဖြတ်မယ် "

    "ကောင်းပါပြီ ဗျ"  

သွန်းရွှတ်နောက်နောက်
ပြောတော့ ခန့်ရဲ့မျက်ဝန်းလေးတွေက
ကျေနပ်မှုအရိပ်အရောင်လေး ဖြတ်ပြေး
သွားလေရဲ့ ပြီးတော့ကလေးလေးက အ
လိုက်တသိမေးပြန်သေးသည်

မင်းတစ်ယောက်တည်းကသာကိုယ့်ရဲ့ကမ္ဘာWhere stories live. Discover now