part 27

273 15 0
                                    

{Unicode}

ဆက်နွှယ်မှုပြီးသည့်အခါ ခန့်ကသာသန့်
ရှင်းရေးအကုန်လုပ်ပေး၏ မိမိဘာသာ
လုပ်ရန်ပြောသော်လည်း သူ၏ချစ်ရတဲ့
ကောင်လေးကသာ အကုန်လုပ်ပေးခဲ့
တာကြောင့် သွန်းအနေဖြင့် မျက်နှာလည်း
ပူသလို အားနာကာ ရှက်မိသည်

နွေးထွေးသာယာသော မနက်ခင်းများတွင်
ချစ်ရသူနှင့် ကုန်ဆုံးရသည်မှာ ကြည်နူး
ဖွယ်ပင်ဖြစ်သည် ခန့်ဟာ သွန်းကိုသူ၏
ရင်ခွင်ထဲသို့ ထည့်ထားကာ နှစ်ခြိုက်စွာ
အိပ်ပျော်နေ၏ ညကနှစ်ယောက်လုံးပင်ပန်း
ထားသည်သည်မက သွန်းကိုသန့်ရှင်းရေး
လုပ်ပေးရသည်နှင့်  အိပ်ယာခင်းစများ
လဲလည်ရသေးသည်

သွန်းစက်မိုး မျက်လုံးများကို ဖြည်းညင်းစွာ
ဖွင့်ပြီး မိမိရှေ့မှာ ယောကျာ်းဆန်၍ ကြည့်
ကောင်းသော သူ၏ချစ်သူကောင်လေးကို
ကြည့်နေသည် ညကဖြစ်ပျက်ခဲ့သည့် အရာ
များကိုတွေးကြည့်ယုံနဲ့တင် သူ့ကိုရှက်သွေး
ဖြာစေပြီး နှလုံးခုန်မြန်စေ၏ ညကခန့်ရဲ့လို
ချင်တပ်မက်မှုတွေ ပြင်းပြနေတဲ့ မျက်နှာလေး
ဟာ အခုအေးချမ်းစွာ အိပ်စက်နေသောပုံ
နှင့်လည်း လားလားမျှမဆိုင်သလို တခြား
သူတွေကို ဆက်ဆံသည့် အမူအရာနဲ့လည်း
မတူလှ ယောကျာ်းဆန်ပြီး ကြည့်
ကောင်းလွန်းလှသည်

ဒီကောင်လေးရဲ့ အများနဲ့မမြင်နိုင်တဲ့ ဘက်
ခြမ်းကို သူသာမြင်တွေ့ရပြီး သူဆိုသော
သွန်းစက်မိုးကသာ ပြုလုပ်နိုင်တာကြောင့်
သူမာနထောင်လွှားသင့်သည်မလား?
ဒီကောင်လေးနဲ့ အလုံးစုံပေါင်းစပ်ပြီးသွား
သည်အထိ လုပ်ခဲ့တာတောင် သူထပ်ပြီး
တောင့်တလိုချင်သေးသည် ခန့်နှင့်သာ
ဆို အရာရာကိုသူရင်ဆိုင်ရဲ၏

သွန်းစက်မိုးသူ၏ လက်ချောင်းလေးများကို
အသာအယာ ဆန့်ထုတ်လိုက်ပြီးခန့်၏ မျက်
နှာပေါ်သို့ ကူးလူးပုံဖော်၍နေသည် အစိတ်
အပိုင်းတိုင်းက ကြည့်၍ကောင်း၏ တစိမ့်စိမ့်
ကြည့်နေရသည်ကိုပင် မဝသလို သွန်း၏လက်
ချောင်းလေးများကို ဂုဏ်ရှိန်ခန့်သည် အသာ
အယာ ဖမ်းဆုတ်လိုက်ပြီး မျက်လုံးဖွင့်လာ
ကာ

"  ကိုယ့်ကိုဘယ်အထိကြည့်နေမှာတုန်းသွန်း "

" မင်း.. မင်းနိုးနေတာလား  "

မင်းတစ်ယောက်တည်းကသာကိုယ့်ရဲ့ကမ္ဘာWhere stories live. Discover now