{Unicode}
သွန်းရဲ့ အတွေးတွေထဲမှာတော့
ဒီကောင်လေးဟာ ခဏတာလေးနဲ့
တောင် နေရာယူနိုင်နေပြီ သူ့ရဲ့မျက်
ဝန်းလေးတွေက ညို့ယူအားပြင်းလွန်း
တယ်လို့ထင်မိတယ် ဒီညကတော့အိပ်ဖို့
ကိုအတော်လေး အချိန်ယူလိုက်ရတော့မှာ
ဘဲ ဘာလို့ဆို မနက်ကသွန်းကိုကြည့်နေတဲ့
သူ့ရဲ့မျက်လုံးတွေက တစ်ခုခုကို ငေးမောပြီး စူးစမ်းလိုစိတ်လေးလည်းရှိကာ သာမန်ထက်ပိုလွန်နေတယ်လို့ သတိထားမိလိုက်တာကြောင့် ဖြစ်သည်ညဉ့်နက်တော့ သွန်းအိမ်ရာမှတစ်ခေါက်
နိုးတာကြောင့် သန်စင်ခန်းသွားရန်
အောက်သို့ ဆင်းလာခဲ့လိုက်သည်
သွန်းသန့်စင်ခန်းသွားပြီး ပြန်လာတော့
ဟိုကောင်လေးကို တစ်ချက်တွေးမိတာ
ကြောင့် ပြတင်းပေါက်တံခါးလေးကို
ဟကာ ကြည့်မိလိုက်ရာ ကောင်လေးရဲ့
အခန်းက အခုချိန်ထိမီးမပိတ်သေးတာ
ကြောင့် သွန်းနာရီကိုကြည့်မိတော့၂နာရီ
တောင်ခွဲနေပြီဖြစ်သည် ဒီအချိန်ထိ
ဒီကလေးမအိပ်သေးတာ ဘာများလုပ်
နေတာလဲ စာတွေကျက်နေတာ
ကြောင့်များလားလို့တောင် သွန်းထင်မိတော့သည်ရင်းနှီးသွားတဲ့ အချိန်ကြရင်တော့
ညနက်တဲ့ထိမနေအောင်
ပြောပြပေးမှဖြစ်မည် ကြာရင်တော့
ကျန်းမာရေးအတွက် မကောင်းနိုင်တဲ့အပြင်
ငယ်ငယ်လေးနဲ့ ထိပ်မြန်မြန်ပြောင်လိမ့်မည်မနက်၆နာရီမှာတော့သွန်း အိပ်ရာကထသည်
မိုးလေးက တဖြောက်ဖြောက်ရွာနေတာ
ကြောင့် အနွေးထည်လေးဝတ်ကာ အောက်
ဆင်းမို့ပြင်လိုက်တုန်း မျက်နှာချင်းဆိုင်မှ
အခန်းလေးကိုတစ်ချက် ဝေ့ကြည်မိလိုက်ရာ
ကောင်းလေးက နိုးနေပြီထင်ပါရဲ့ ခန်းစီး
လိုက်ကာလေးကို ဟထားပြီးအခန်းထဲတွင်
လည်းလူကမရှိတော့ဘူး သွန်းစိတ်ထဲမှာ
တော့ ဒီကလေးညဉ့်နက်မှ အိပ်ပေမဲ့
မနက်ကျအစောကြီးထနေလေရဲ့
အပျင်းထူတဲ့သူတော့မဟုတ်ဟု မှတ်ချက်ပေးလိုက်မိချေ၏အောက်ထပ်ရောက်တော့ ကိုယ်လက်
သန့်စင်ကာ မေမေထားအား မနက်စာ
အတွက်ဝိုင်းကူလုပ်ပေးသည် သွန်းအား
တဲ့အချိန်တိုင်း ကူညီပေးနေတာကြောင့်
အတော်လေးလည်း ကျွမ်းကျင်ကာ
ချက်တတ် ပြုတ်တတ်သည်

YOU ARE READING
မင်းတစ်ယောက်တည်းကသာကိုယ့်ရဲ့ကမ္ဘာ
Romanceနာကျင်စရာအတိတ်တွေရှိနေပြီး ကိုယ့်မိခင်ရဲ့မတရားသေဆုံးမှု ကြောင့်ဖခင်ကိုမုန်းတီးပြီး အမှန်တရားအတွက်နဲ့ရင်ဆိုင်မဲ့ ဂုဏ်ရှိန်ခန့် ချစ်ရသူရှေ့ရောက်ရင်တော့သူရဲ့ရင့်သီးမှုတွေ မာကျောတွေကို မေ့ထားပြီးသန်မာချင်ယောင်ဆောင်နေတတ်သူ တစ်ခါတစ်လေမှာခွေးပေါက်လေးတစ်က...