"မာမားကို သားပြောထားပြီးသားနော်... သူ့ကို မခေါ်ချင်ဘူး... "
ခြေထောက်တွေကို ဆောင့်လို့ အိမ်အပေါ်ထပ်ကို တက်သွားသည့် သားဖြစ်သူကိုလိုက်ကြည့်ရင်းနှင့်သာ သက်ပြင်းချရသည်ပင်။
"ဒီကလေးနှယ်... ဘယ်လိုဖြစ်ပြီး ပေါက်စလေးကို အမြင်မကြည်နေသလဲမသိပါဘူး"
တတွတ်တွတ်ရေရွတ်ရင်း တည်ထားသည့် ဟင်းအိုး မတူးသွားစေရန်မီးဖိုချောင်ကိုသာ အမြန်ဝင်ရသည်။
ခြေထောက်တွေကို မကျေနပ်ချက်တွေ စုပုံချလိုက်တော့ ကြမ်းပြင်မှာ တဒုန်းဒုန်းနှင့်အသံမြည်သည်။
မာမားက ဘာကြောင့်များ အဲ့ဒီကောင်စုတ်လေးကို သူ့နားအတင်းခေါ်စေချင်လည်းမသိ။
သူ့ကိုမွေးပြီးကတည်းက မာမားက နေမကောင်းတာကြောင့် ညီမလေးတွေ ညီလေးတွေ သူ့ကို မပေးနိုင်တာကို သူသဘောပေါက်ပါသည်။
ပါပါးက အဝေးကြီးသွားနေချိန်မှာ သူ့အပေါ် အများကြီးဂရုစိုက်ပေးတဲ့ မာမားမို့ ရှောင်းကျန့်ဟာအထီးမကျန်တတ်သည့် အလိမ္မာလေးဖြစ်နေသည်။
ရှောင်းကျန့်တို့ နေအိမ်သည် ချုံချင်းရဲ့ အမှတ် ၁၈ ရပ်ကွက်၌ တည်ရှိသည်။ ခြံကျယ်ကျယ်နှင့် အိမ်ဖြစ်တာကြောင့် ပင်မအိမ်ကြီးတစ်အိမ်အပြင် ဘေးအနား၌ခပ်ရွယ်ရွယ် အိမ်ကလေးတစ်လုံးရှိသည်။
ထိုအိမ်ကလည်း ရှောင်းကျန့်၏ ဦးလေးအကြီးဖြစ်သည့် မာမားရဲ့ အစ်ကိုကြီးနေထိုင်ခဲ့သည်။ လွန်ခဲ့သည့် နှစ်နှစ်ကပင် ဆုံးပါးသွားခဲ့သည့် ဦးလေးအကြီးကြောင့် ထိုအိမ်ကလေးကို ပိတ်ထားရသည်မှာ နှစ်ချီနေပြီပင်။
ပါပါးက နိုင်ငံရပ်ခြားမှာ အိမ်စားဝတ်နေရေးအတွက် အလုပ်လုပ်နေသည်မှာ ရှောင်းကျန့် ငါးနှစ်သားအရွယ်ကတည်းကပင်။
လွန်ခဲ့သည့် နှစ်လက ပါပါးက သူ့တပည့်၏ ဇနီးနှင့် သားဟာ ထိုအိမ်မှာ နေထိုင်မည်ဖြစ်ကြောင်းဖုန်းဆက်လာသည်။
ဖုန်းဆက်ပြီးသုံးရက်မြောက်နေ့၌တော့ အထုပ်တစ်ထုပ်ဆွဲလာသည့် အသားဖြူဖြူခပ်ချောချော အန်တီတစ်ယောက်နှင့် သူ့လက်ကို တွဲထားသည့် ဖောင်းဖောင်းကစ်ကစ် ကလေးလေးတစ်ယောက်ရောက်လာသည်။
YOU ARE READING
ကိုကိုဘာလို့မချစ်တာလဲ|| Begging a little love ||
Fanfictionကိုကို ဘာလို့ မချစ်တာလဲ...