"မာမားရော အဆင်ပြေရဲ့လား"
"အဆင်ပြေပါတယ်... ကိုယ့်ကိုတော့ စကားမပြောဘူး"
ရိပေါ်က လက်သီးလေးတင်းတင်းကြပ်ကြပ်ဆုပ်ကာ ခေါင်းလေးငုံ့သွားပြန်သည်။
"နေမကောင်းလို့နေမှာပါ... အများကြီးမစိုးရိမ်နဲ့ သွားနားတော့"
"ကိုကိုလည်း နားဦး"
"အင်း... ပါပါးနဲ့ စကားပြောပြီး လိုက်လာခဲ့မယ်"
ရိပေါ် တိတ်တိတ်ကလေး အခန်းထဲ ဝင်ဖို့ အိမ်အပေါ်တက်သွားသည်။ ကိုကိုကတော့ အဆင်ပြေကြောင်း ပြုံးပြုံးလေးနှင့် သတိပေးနေပေမယ့် အရာရာ အဆင်မပြေတာ ရိပေါ်သိပါသည်။ ကသိကအောင့်နိုင်လွန်းသည့် အခြေအနေမှာ ရှောင်းမိသားစုကို အားနာရုံမှ လွဲ၍ ရိပေါ် မတွေးတတ်တော့ပါ။
ရိပေါ်တို့ ချုံချင်းရောက်ရောက်ချင်းနောက်နေ့မှာပင် ကိုကိုက သူတို့နှစ်ဦး၏ အခြေအနေကို ထုတ်ပြောသည်။ ရုတ်တရက်မို့ ရိပေါ်ပင် အလန့်တကြား။ ကိုကိုက ထုတ်ပြောဖို့ ပြောထားပေမယ့် ဒီလောက် မြန်ဆန်လိမ့်မယ်လို့ ရိပေါ် မတွေးခဲ့မိရိုးအမှန်။
နောက်ပြောင်နေတယ်ထင်နေသည့် ကိုကို့မာမားက အမှန်အတိုင်းဖြစ်နေသည်ကို သိတော့ သွေးပေါင်ချိန်ကျသွားပြီး နေမကောင်းဖြစ်သည်။ ပါပါးကလည်း ဘာမျှ ဝင်မပြောပေမယ့် မျက်နှာကတော့ တင်းမာနေခဲ့၏။
ရိပေါ်ကလည်း လူကြီးတွေကို မျက်နှာချင်းဆိုင်ဖို့ ကြောက်နေတုန်းပေမယ့် သေချာတွေ့ပြီး တောင်းပန်ချင်၏။
အဓိကက ရိပေါ် ကိုကို့ကို ချစ်မိလို့ ကိုကိုက ပြန်ချစ်ပြီး ဒီပြဿနာတွေဖြစ်လာရတာမို့ ကိုယ့်ကိုယ်ကိုယ် အပြစ်မကင်းကြောင်း တွေးထင်မိရင်း ခေါင်းထဲမှာ ရှုပ်ယှက်ခတ်နေခဲ့၏။
တစ်ဦးတည်းသော သားတွေမို့ မိဘတွေက နားလည်ပေးနိုင်တယ်ဆိုပေမယ့် ချက်ချင်းကြီးကျတော့လည်း ခက်ခဲမည်ထင်၏။
ရိပေါ်က တွေးတိုင်း ငိုချင်လာသည်။
အိပ်ရာပေါ်မှာ ကွေးကွေးလေးအိပ်နေရင်း မကြုံရသေးသည့် အနာဂတ်ကို တွေးကာ စိတ်ပူပါသည်။ ပိုင်ဆိုင်ရတော့လည်း ဆုံးရှုံးရမှာကို စိုးရိမ်မိပါသည်။
YOU ARE READING
ကိုကိုဘာလို့မချစ်တာလဲ|| Begging a little love ||
Fanfictionကိုကို ဘာလို့ မချစ်တာလဲ...