ရိပေါ်က ကိုကို့ကို ရှောင်သည်။ ကိုကို့ဆိုင်လည်း မသွားသလို ကိုကိုရှိနေသည့် အချိန်များတွင်လည်း အခန်းထဲက အခန်းပြင်မထွက်ပါ။ စာပဲကြိတ်လုပ်နေသည်။
ကိုကိုက ရိဟွာဆိုသည့် အစ်မနှင့် ဒီကြားထဲမှာ တွေ့ဖြစ်ကြသည်ထင်၏။
ရိပေါ် ဒီအကြောင်းတွေးရင် ဝမ်းနည်းမိတာကြောင့် စာတွေကိုသာ အာရုံစိုက်သည်။
စာမေးပွဲကြောင့်နှင့် စိတ်ရှုပ်တာရောပေါင်းပြီး ရှည်ရှည်အုပ်အုပ်ဖြစ်နေသည့် ဆံပင်များကိုပါ ခပ်တိုတိုညှပ်ချလိုက်သည်။
"ဆံပင်တွေညှပ်ထားတာလား... ဒီလိုကေနဲ့လည်း မင်းက လိုက်တာပဲရိပေါ်"
စာမေးပွဲမစခင် ကျောင်းပိတ်ရက်မို့ ရိပေါ်က ရှောင်းအိမ်မှာပဲ တနေကုန် အခန်းအောင်းသည်။ ကိုကို့မာမားကလည်း စာမေးပွဲကြောင့် ဘာအလုပ်ကိုမျှပင် အလုပ်မခံတာမို့ စာနှင့် စာသာ လုံးပမ်းရသည်။
နေ့လည်စာထိုင်စားနေတုန်း ကိုကိုက ဝင်လာပြီး သူ့ခေါင်းကို ဖွဖွလာပွတ်သည်။
ကိုကို့ကို ကြည့်ရတာ ပေါ့ပါးပြီး ပျော်ရွှင်နေပေမယ့်လည်း ရိပေါ်စိတ်က မဆိုသလောက်လေး ဝမ်းနည်းရသည်။
"စားလို့ပြီးပါပြီ အပေါ်တက်တော့မယ်"
ပန်းကန်တွေ သွားဆေးပြီး အပေါ်တက်သွားသည့် ရိပေါ်ကို လိုက်ကြည့်ရင်း ခေါင်းတကုပ်ကုပ်နှင့်သာ ကျန်ခဲ့သည်မှာ ရှောင်းကျန့်ပင်။
"စာမေးပွဲနီးတော့ စိတ်မကြည်တာနေမယ်"
စားပွဲပေါ်၌တင်ထားသော ငှက်ပျောသီးထဲမှ တစ်လုံးကိုယူကာ အခွံခွာစားရင်း ရှောင်းကျန့် ဆိုင်ဘက်ကို ပြန်သွားဖို့ ထွက်ခွာသွား၏။
•
•
•
ရိပေါ် ဖြေနိုင်သည်။ ဓာတုဗေဒကတော့ မရလိုက်တာတွေ ရှိခဲ့ပေမယ့် ဖြေနိုင်သည်ဟု ထင်ရသည်။
ကိုကိုက အပို့အကြို လုပ်ပေး၏။ ဓာတုဗေဒက နောက်ဆုံးနေ့၌ဖြေရသည့် ဘာသာမို့ ရိပေါ် စိတ်ထဲ ပေါ့ပါးလျက်ရှိသည်။
YOU ARE READING
ကိုကိုဘာလို့မချစ်တာလဲ|| Begging a little love ||
Fanfictionကိုကို ဘာလို့ မချစ်တာလဲ...