28.

3.8K 352 7
                                    

"ရိပေါ် ကိုယ့်ကို ဒါလေး လာကူပေးဦး"

ရှောင်းကျန့်က ယိုင်နဲ့နေသည့် စားပွဲခုံတစ်ခုကို ပြင်ပေးနေသည်။ ရိပေါ်ပြင်မယ်ဆိုလည်းမဟုတ်။ သူပဲ ပြင်မည်ဟုဆိုကာ ထိုင်ပြင်နေလေ၏။

ရိပေါ်ကို ကူခိုင်းတာက အခြားမဟုတ် ရေသောက်ဖို့ ရေဘူး အဖုံးဖွင့်စေခြင်းပင်။

​ရိပေါ်က အဖုံးဖွင့်လိုက်ပြီးနောက်တော့ ပါးစပ်ဟပြသည်။

"သီးမယ်လေ ကိုင်သောက်တာမဟုတ်ဘူး"

နှုတ်ခမ်းဖျားတွေ မဲ့ကျပြကာ တမင်သပ်သပ် ဂျစ်တိုက်သည်။ ကိုကိုက ရိပေါ်ကိုဆို အနိုင်ယူချင်လွန်းပါသည်။

ရိပေါ်တစ်ယော​က် မျက်နှာတည်ပြီး ကောင်တာက ပိုက်ခွက်ထဲမှ ပလပ်စတစ်ပိုက်တချောင်းကို ရေသန့်ဘူးထဲ စိုက်ကာ ကိုကို့နှုတ်ခမ်းဆီကို တေ့ပေးလိုက်သည်။

"ကိုယ့် ချစ်သူကို ဒါလေးတောင် စေတနာမရှိဘူးလား ဟင်"

ကိုကိုက မျက်နှာငယ်လေးနှင့်ပင်။

"ကိုကိုကလည်း ကျွန်တော် ပန်းကန်တွေ စီနေတာကို ခေါ်တာကိုး... ဘာမှန်းလည်းမသိဘူး ရေလေးသောက်ချင်တာကို"

ရိပေါ်ရဲ့ နှုတ်ခမ်းကို ဖျက်ကနဲ့ လှမ်းနမ်းခြင်းခံလိုက်ရ၏။

"ငြိုငြင်နေတာလား ကလေးလေးက"

"မဟုတ်ပါဘူး"

"ကိုယ့်ကို မချစ်တော့ဘူးပေါ့"

"မဟုတ်ပါဘူး..."

"တကယ် စိတ်မရှည်တော့ဘူးပဲ"

ရိပေါ် စိတ်မရှည်တော့။ ဆိုင်းမဆင့်ဗုံမဆင့်နှင့် နောက်အပတ် ချုံချင်းပြန်မည့်အကြောင်းကိုမနေ့ကမှ ပြောလာသည်။ ဒါကြောင့်လည်း ရိပေါ်၏ စိတ်က အရင်လိုမဟုတ် ဆတ်ဆတ်ထိမခံ။

ချစ်သူသက်တမ်း လပိုင်းလောက်ရောက်လာတော့ ကိုကိုက အချိုးတွေ ပြောင်းချင်နေပါသည်။

ညတိုင်းလိုလို စာပို့ဖြစ်သည့် အားယွဲ့က ကိုကိုက အရင်ရည်းစားဟောင်းနှင့်တုန်းက ဘယ်လိုဆိုတာကို ခဏခဏ ပြောသည်။ ရိပေါ်က မကြိုက်ကြောင်းပြောပေမယ့် အားယွဲ့က အကြောတင်းသည်။ စိတ်ပေါက်တဲ့ တစ်နေ့တော့ အားယွဲ့အား Block list ထဲ သွင်းပစ်ဦးမည်ဟူ၍ တေးထားသေးသည်။

ကိုကိုဘာလို့မချစ်တာလဲ|| Begging a little love ||Where stories live. Discover now