တိတ်ဆိတ်နေသည့် အမှတ် ၁၈ ရပ်ကွက်၏ ဆိတ်ငြိမ်ခြင်းကို ကလေးငယ်တစ်ယောက်၏ စူးစူးဝါးဝါး အော်ငိုသံဟာ ဖျက်ဆီးလိုက်ပါသည်။
မနေ့ကတင် အဖေဖြစ်သူပြန်လာ၍ ပျော်ရွှင်စွာ ခုန်ပေါက်နေသည့်ကလေးငယ်ဟာ မနက်တင်တော့ ရှိုက်ကြီးတငင်ငိုကြွေးနေပါသည်။
လွန်ခဲ့သော နာရီအနည်းငယ်ခန့်က~
"မာမား သားတို့ ဝေးကြီးသွားမို့လား"
အိမ်ရှေ့တွင် အဆင်သင့်ထုတ်ထားသည့် အိတ်ကြီးအိတ်ငယ်တို့ကိုမြင်သော် မေးခွန်းထုတ်ပါသည်။
"အင်း မာမားတို့ အရင်အိမ်ပြန်ကြမယ်လေ..."
"နိုင်နိုင်းဆီလား"
"အင်း"
"ကိုကိုတို့ကို ခေါ်ကြရအောင်လေ... "
"ကိုကိုရေ..."
အိမ်ရှေ့ဝကနေ၍ တဖက်အိမ်သို့လှမ်းကြည့်ကာ သူ့ကိုကိုကို အော်ခေါ်ရှာသည်။
ဝမ်ရိပေါ်လေးဟာ ဒီအရွယ်ကလေးနှင့်သံယောဇဉ်သိပ်ကြီးသလို အဖော်လည်းမင်တာကြောင့် ရှောင်းကျန့်ကို သိပ်တွယ်တာခြင်းပင်။
"သား... လာဦး မာမားပြောပြမယ်"
မာမားက သူ့လက်လေးကိုဆွဲလို့ ပေါင်ပေါ်တင်ထိုင်ခိုင်းတာ သူ့ကို သိုင်းဖက်ထားသည်။
"ကိုကိုကလေ... ကျောင်းတက်ရဦးမှာ။ ခဏ လာလည်ဖို့တော့ ခေါ်ကြမယ်လေနော်"
"နိုင်နိုင်းဆီသွားပြီး ဒီကို သားတို့က ပြန်လာမှာလား"
"ဒီအိမ်က မာမားတို့အိမ်မဟုတ်ဘူးလေ"
"ဒါမဲ့ ဒါက ကိုကို့အိမ်လေ"
"ကိုကိုတို့က မာမားတို့ကို ခဏ ငှားပေးထားတာ"
"သားတို့ကို ချစ်လို့လား"
"ဒါပေါ့ ကိုကိုက သားကိုချစ်လို့ ငှားပေးထားတာ... ပါပါးလည်းပြန်လာပြီဆိုတော့ သူများပစ္စည်းပြန်ပေးရမယ်လေ"
"ကိုကိုက စိတ်ဆိုးလို့လား... ကိုကို့ပါပါးကရော စိတ်ဆိုးလို့ အိမ်ကိုပြန်ယူမှာလား"
ရှင်းလေ ရှုပ်လေ ကိုယ်တော်လေးကို စိတ်ရှည်လက်ရှည်ရှင်းပြရသည်မှာ မိခင်တစ်ဦးဖြစ်သည့် ဝမ်မာမားတာဝန်မို့ အိမ်ပြန်ဖို့ အကြောင်းကို ကလေးနားလည်အောင် သူမေးသမျှဖြေကာ မရမက နားချရပြန်၏။
YOU ARE READING
ကိုကိုဘာလို့မချစ်တာလဲ|| Begging a little love ||
Fanfictionကိုကို ဘာလို့ မချစ်တာလဲ...