Unicode
မနက်လင်းတာနှင့် ပြတင်းပေါက်ကို ဖြတ်ကျော်ကာ ဝင်လာသည့် အလင်းရောင်ခြည်လေးများ၏ ဆနှာင့်ယှက်ခြင်းကို ခံရသည်က ဆိုင်ရဲ့ ထောင့်က သူတို့ အိပ်ခန်းလေး။
ရိပေါ်၏ အကြံပေးမှုဖြင့် ဖက်ဖူးစိမ်းရောင်ခပ်နုနုလိုက်ကာတွေ ချိတ်ထားသော်လည်း လင်းမြဲလင်းဆဲ။
မျက်ခွံပေါ်ကို ထိုးဖောက်စေ့ဆော်လာတာကြောင့် မျက်ဝန်းတွေကို အားယူဖွင့်လိုက်သည်။
ကျောဘက်ဆီက နွေးထွေးမှုတစ်စုံတစ်ရာကြောင့် သူ့ကျောပြင်ဟာ ကိုကို့၏ ရင်ခွင်နှင့် ကပ်လျက်။
ခါးကို တွယ်ဖက်ထားသော လက်တွေကို ထပ်လျက်ကိုင်လိုက်တော့ ခပ်နွေးနွေးကလေး။
"နိုးနေပြီလား"
လေသံရှရှနှင့်အတူ ဂုတ်ပိုးက လေဟပ်မှုကြောင့် ယားကျိကျိကလေး။
"အွန်း"
ရိပေါ်က ပြောရင်းနှင့် ကျောဘက်ကို လှည့်လိုက်တော့ အိပ်ချင်မူးတူးနှင့် ကိုကိုက မျက်လုံးမပွင့်တပွင့်။ သူ့ကိုလည်း ခပ်ဖြေးဖြေးပြုံးပြနေသည်မှာ အရူးလေးလိုပင်။
"ဟက်ပီးဘက်ဒေး ကိုကို"
နှုတ်ဖျားကို မွကနဲ နမ်းတော့ အပြုံးတွေဖောသီနေတဲ့ ကိုကိုအရူးလေးက သူ့ကို မျက်လုံးမှိတ်လျက် ပြုံးပြနေသည်။
"ကျေးဇူး ကလေးလေး"
"သက်ရှည်ခေါက်ဆွဲစားရမယ်နော်"
"ဟုတ်ကဲ့ပါဗျာ"
ကိုကိုအရူးလေးက လိမ်လိမ်မာမာနှင့် ခေါင်းညိတ်ကာ သူ့ကို တိုးဖက်လိုက်သည်မို့ ရိပေါ်ခင်မျာ အွန့်ကနဲ။
"ရာသီဥတုအေးလာတယ်နော်"
"ဆောင်းဝင်တော့မှာလေ... ကိုယ့်အချစ်ရဲ့"
ပြောလျက်ပင် ရိပေါ်၏ ပါးကိုဖျက်ကနဲ နမ်းရှိုက်သည်။
"မွှေးမွှေးလေးနဲ့ အေးအေးလေး"
ကိုကိုက နောက်ပိုင်း သူ့ပါးကို နမ်းတိုင်းလိုလို ဒီစကားလေးအမြဲပြောတတ်လာ၏။ မွှေးသလား အေးသလားတော့ ရိပေါ်လည်း မသိ။ ကိုယ့်ပါးကိုယ်မှ ပြန်နမ်းလို့မရတာလေ။
YOU ARE READING
ကိုကိုဘာလို့မချစ်တာလဲ|| Begging a little love ||
Fanfictionကိုကို ဘာလို့ မချစ်တာလဲ...