ပြာယာခတ်နေသည်လည်း မဟုတ် တည်ငြိမ်သည်လည်းမဟုတ်ပေမယ့် မျက်လုံးလေးများကတော့ ဟိုရွေ့သည်ရွေ့နှင့် လက်သည်းထောင့်လေးတွေကို နှုတ်ဖျားနှင့် ထိလိုက် ၊ သွားနှင့် ကြိတ်လိုက် လုပ်ရင်း အလုပ်ရှုပ်နေသည်။
ဆေးသွားဝယ်ပြီး ပြန်လာသည့် အားယွဲ့က ရှောင်းကျန့်၏ ဒဏ်ရာကို ဆေးလိမ်းလို့နေသည်။
"အိပေါ်... ငါ့ကို ဒီဟာလေး လာခွာပေးဦး"
အားယွဲ့က အပူလောင်လျှင် ကပ်သည့် ပလာစတာကို လက်တစ်ဖက်တည်းနှင့် ဖြည်နေရခြင်းကြောင့် ဘေးနားမှာ မတ်တပ် မတ်တပ်နှင့် ကဏာမငြိမ်လုပ်နေသည့် ရိပေါ်ကို မျက်စိနောက်လာ၍ လုပ်ခိုင်းခြင်းပင်။
"ကော... "
ရှောင်းကျန့်က ဖွင့်ဖို့တောင်းပေမယ့် အားယွဲ့က မျက်လုံးပြူးပြသည်။
"နင့်ကို ကာပေးလို့ ဖြစ်တယ်ဆိုတော့ နင်တာဝန်ယူ အိပေါ်... ကောက အလုပ်တွေပျက်ရတော့မှာ နင်ဘယ်လိုလုပ်မှာလဲ"
အားယွဲ့က ပြောတော့ မျက်လုံးလေး ကလယ်ကလယ်နှင့် ဂေါက်ကြောင်ကြောင်ကလေးလုပ်နေပြန်သည်။
"အလုပ်ကလက်နဲ့ လုပ်တာမဟုတ်ဘူးလား"
"ကျောအောင့်နေတော့ဘယ်လိုထိုင်မလဲ... "
အားယွဲ့က ငယ်ငယ်ကအတိုင်းသွက်တယ်ဆိုပေမယ့် ရိပေါ်သိသည်ထက်ပိုပြီး ဆရာမကြီးဖြစ်နေသလိုပင်။
"ကော လော့ရန်က PeoLeo Hotel မှာ တည်းတယ်... ပြန်လိုက်ပို့ပေးလိုက် မှောင်တော့မှာဆိုတော့ အားယွဲ့ ဟယ့်ဝေနဲ့ ညစာစားပြီး ကိုယ့်ဘာသာပြန်လာလိုက်မယ်... တာ့တာ"
အားယွဲ့က ပြောချင်ရာပြောပြီး ထွက်သွားလေသည်။ တိတ်ဆိတ်သော လေထုနှင့်တကွ ထို အခန်းထဲ ရိပေါ်နှင့် ကိုကိုသာ ကျန်ပြန်၏။
"လူကျနေပြီထင်တယ်"
"ကိုယ် ကူပေးမယ်လေ"
ရှောင်းကျန့်က အင်္ကျီဝတ်ပြီး ရိပေါ်ရှေ့က ထွက်သွားသည်။
တဆိတ် အပူလောင်ထားတာကရော တကယ်ပါနော်!
•
•
•
ပန်းကန်လုံးလေး(Little Bowl) မှာ ညစာသုံးဆောင်သည့် ဧည့်သည်များဟာ ထုနှင့်ဒေး။ ညနေခင်းတုန်းက ပြဿနာရှာသွားသည့် လူပြောသလို နှာခေါင်းပေါက်အရွယ်ဆိုင်လေးဖြစ်တာကြောင့် လူတွေတောင် တန်းစီနေရပြီ။
YOU ARE READING
ကိုကိုဘာလို့မချစ်တာလဲ|| Begging a little love ||
Fanfictionကိုကို ဘာလို့ မချစ်တာလဲ...