နေကောင်းခါစ ရိပေါ်လေးဟာ ရှောင်းမိသားစု၏ခြံထဲမှာ စကူတာလေးတစ်လှိမ့်လှိမ့်နှင့်။
"သားရေ... ဒီတစ်ပတ်စီးပြီး အိမ်ထဲဝင်တော့နော်"
ထမင်းစားချိန်မို့ ဝမ်မာမားက သတိရလှမ်းပေးသည်ကို ပြန်မဖြေဘဲ ခေါင်းသာ လှမ်းညိတ်သည်။
"စီးချင်သေးတဲ့ ဥစ္စာကို"
ပေါက်စကလေးမကျေမနပ်ဖြစ်ရသည်။ နေမကောင်းသည့် သုံးရက်လုံး ဒီစကူတာကလေးကို ရိပေါ်က တအား တအားလွမ်းနေရသည်ပင်။
သို့သော်လည်း လိမ္မာသည့် ရိပေါ်လေးက တစ်ပတ်ပြည့်ပြီးတာနဲ့ စကူတာလေးကို အိမ်ရှေ့က ဖိနပ်ချွတ်မှာ သေချာရပ်ပြီး အိမ်ထဲဝင်ဖို့ပြင်သည်။
အိမ်ထဲမဝင်ခင် စီးထားတဲ့ ဖိနပ်လေးကိုလည်း သေချာလေး ချွတ်ခဲ့သည်။ ကိုကိုက ဖိနပ်ချွတ်ပြီးရင် ဖိနပ်စင်ပေါ် တင်တတ်သည်ကို ခေါင်းသေးသေးလေးက မှတ်ထားတာမို့ သူ့ကိုကိုနှင့် တစ်ပုံစံတည်းလိုက်ပြုမူသည်။
"စူပုပ်မနေနဲ့ကလေးလေး... သား ထပ်ဖျားမှာစိုးလို့ မာမားက ပြောတာ"
"သိပါတယ်နော်"
တံတောင်စွပ်တွေ ဒူးစွပ်တွေကိုချွတ်ပြီးသူ့နေရာသူ သွားထားသည်။ အနွေးထည်ထူထူအောက်မှာ မြုပ်နေသည့် ကိုယ်လုံးလေးက လုံးတုံးတုံးဖြစ်နေကာ လိမ်ဖယ်လိမ်ဖယ်လေးနှင့်။
မာမားနှင့် ထမင်းစားရသည့်အချိန်တွင်လည်း ရိပေါ်လေးက တိတ်တိတ်ဆိတ်ဆိတ်နှင့် တစ်လုတ်ချင်းစားပါသည်။
"မေမေ တစ်နာရီထိုးပြီလား"
"အခုမှ ၁၂ နာရီလေ..."
နာရီကို ကောင်းစွာ ကြည့်တတ်သည့်အရွယ်မဟုတ်သေးသော်လည်း ဟိတ်ဟန်ထုတ်ကာ လက်မှတ ဘောပင်နဲ့ ဆွဲထားသည့် နာရီကို လှန်ကြည့်သည်။
ထိုနာရီမှာလည်း အလယ်တန်းကျောင်းသားလေးဖြစ်သည့် သူ့ကိုကို ရှောင်းကျန့်က နေမကောင်းတဲ့ တစ်ရက်က ဂျီကျနေလို့ ဆွဲပေးသွားခြင်း။
လက်ကောက်ဝတ်တုတ်တုတ်လေးပေါ်က ဘောလ်ပင်နဲ့ ဆွဲထားသည့် နာရီလေးရဲ့ လက်တံတွေမှာ ရှစ်နှင့် တစ်ကိုသာ အမြဲညွှန်ပြနေသည်။
YOU ARE READING
ကိုကိုဘာလို့မချစ်တာလဲ|| Begging a little love ||
Fanfictionကိုကို ဘာလို့ မချစ်တာလဲ...