"ကိုကိုရေ ဒီမှာကြည့်ဦး ရွှေငါးလေး"
လက်ထဲမှာကိုင်လာသည့် ပလပ်စတစ်အိတ်ထဲတွင် ရွှေငါးလုံးလုံးတစ်ကောင်ဟာ နေရာယူကူးခတ်နေသည်။
"မပြေးနဲ့လေ ငါးသေသွားမှာပေါ့"
ပြောလိုက်သည်နှင့် သိသိသာသာနှေးသွားသော ခြေလှန်းတွေနှင့် သူ့ဆီကို တရွေ့ရွေ့လာသည်။ ပိုးစားထားသောသွားမှာကိုလည်း ဖြီးပြလို့။
"ဘယ်ကရတာလဲ"
"စကူတာတူတူလာစီးတဲ့ ထောင်ထောင့်ဆီက"
ထောင်ထောင့်ကို ရှောင်းကျန့်သိသည်။ တဖက်ရပ်ကွက်မှာ အလှမွေးငါးရောင်းသည့်ဆိုင်က။ ဝမ်ရိပေါ်က လူချစ်လူခင်ပေါပါသည်။
"ရွှေငါးက နေကောင်းပြီးတော့ ပိုက်ဆံချမ်းသာအောင်လုပ်ပေးတယ်ဆိုလို့ သားကိုပေးသွားတာ"
"ပိုက်ဆံချမ်းသာချင်လို့လား"
"အင်း... မာမားကပြောတယ် ပိုက်ဆံချမ်းသာရင် လိုချင်တာဝယ်လို့ရတယ်တဲ့"
"မင်းက ဘာလိုချင်တာများရှိလို့လဲ"
"ရှိတာပေါ့ အများကြီး မာမားနဲ့ပါပါးနဲ့ကို ရဲတိုက်ကြီးဝယ်ပေးမယ် ကာတွန်းကားထဲကလို... ပြီးတော့ ကိုကို့ကိုလည်း မုန့်တွေအများကြီးဝယ်ကျွေးမယ် သားလည်း မုန့်တွေ လီဂိုတွေဝယ်မှာပေါ့"
ခေါင်းသေးသေးလေးမှာ ဖြစ်ချင်တဲ့ ဆန္ဒတွေများလှသည်။ ပြီးတော့ ဖြူစင်သည့် ဆန္ဒလေးမှာလည်း သဘောကျစရာ။
"အဲ့တိုင်း ကိုင်မထားနဲ့ လာ... ငါနဲ့လိုက်ခဲ့"
ကိုကို့မာမားရဲ့ ဟင်းချက်တဲ့ ဇလုံထဲကို ကိုကိုက ရေတွေဖြည့်လိုက်သည်။ ပြီးတာနှင့် ပလပ်ဟတစ်ကို ဖွင့်ပြီး ဇလုံထဲကို ရွှေငါးလေးကို ထည့်ပေးလိုက်သည်။
ကိုကို ကျောင်းပိတ်တာကို ရိပေါ်လေးက သိပ်ပြီးသဘောကျရသည်။
ကိုကိုက သူ့ကို မကြိုက်ပေမယ့် ဒီလိုမျိုးလည်း သူ့အနားနေပေးပြန်သည်။
•
•
•
"ကဂျီကဂျောင်ကျရင် နေခဲ့လိုက်နော် ဝမ်ရိပေါ်"
YOU ARE READING
ကိုကိုဘာလို့မချစ်တာလဲ|| Begging a little love ||
Fanfictionကိုကို ဘာလို့ မချစ်တာလဲ...