"စိတ်မကောင်းမဖြစ်ပါနဲ့... သက်ရှိမှန်သမျှ တစ်နေ့မှာအဆုံးသတ်ရတာပဲလေ"
ကိုကို့ရဲ့ အလုပ်စားပွဲပေါ်မှာ ခါးမှိီလို့ လက်တစ်ဖက်ကပိုက်ရင်းတစ်ဖက်ကလက်သည်းတွေကို ကိုက်ဖို့ နှုတ်ဖျားမှာတေ့ထားရင်း။
"ကျွန်တော်ပေါ့လျော့မိလိုက်တာ"
"မင်းနဲ့ အချိန်အကြာကြီးနေသွားရတာပဲ ကိုယ့်ကိုယ်ကို အပစ်မတင်ရဘူးလေ"
"Summer လေးတော့ ဝမ်းနည်းနေတော့မယ်"
"Summer က သူ့သူငယ်ချင်းကိုတောင် မေ့နေလောက်ပြီ... ကြာရင်မေ့တတ်ကြတာပဲလေ"
ကိုကိုက စနောက်ဟန်နှင့် ခနဲ့ပြောကလေးထုတ်ပြောသည်။ ထိုအခါမှ ရိပေါ်လေးလည်း ခြေကာ လက်ကာဖြင့်...။
"မဟုတ်ဘူး ကျွန်တော် တကယ် ကိုကိုမှန်းမသိတာ... နာမည်လည်း သိမှ မသိရတာ"
တိမ်ဝင်သွားသည့် အသံလေးနှင့် ချသွားသည့် မျက်ခွံလွှာလေးတွေကြောင့် မျက်တောင်မွေးလေးတွေကိုပါ မြင်နေရသည်။
"စိတ်မကောင်းမဖြစ်နဲ့ဦး... ခေါက်ဆွဲဝယ်ကျွေးရဦးမယ်မလား"
ထိုသို့ပြောတော့လည်ူ နှုတ်ဖျားတွေကို ဖိပြီး အနှုတ်လက္ခဏာကဲ့သို့ အတန်းလိုက်လေးဖြစ်အောင်ပြုမူကာ ခေါင်းလေးညိတ်သည်။ ဖိကပ်ထားသော နှုတ်ခမ်းများကြောင့် ပါးနှစ်ဖက်ဟာလည်း ခပ်ဖောင်းဖောင်း။
"ဒီညနေ ဝယ်ကျွေးမယ်..."
"ဒါပေမယ့်"
ရှောင်းကျန့်က သူ့ရှေ့က ကောင်လေးဆက်ပြောမည့်စကားကို စောင့်သည်။
"အင်း... ဒါပေမယ့်"
"ကျွန်တော် တစ်ပွဲပဲကျွေးနိုင်လို့"
လက်ညှိုးကလေးထောင်ပြသည်။ ရှောင်းကျန့်ကတော့ သဘောတကျနှင့် ခေါင်းလုံးလုံးကို ခပ်ဖွဖွပွတ်လိုက်သည်။
"ကိုယ်လည်း တစ်ပွဲပဲစားနိုင်တာပါကွ"
မျက်ဝန်းတွေကိုကြည့်မိတော့ မြီးကောင်ပေါက်ကလေးရဲ့ ရင်ခုန်သံတွေဟာ ဒိတ်ခနဲ ဒိတ်ခနဲ။ ဖန်ရည်လဲ့နေသည့် မျက်ဝန်းညိုတွေဟာ ရာသီဥတုနှင့် လိုက်ဖက်စွာ နွေးထွေးမှုပေးသည်။
YOU ARE READING
ကိုကိုဘာလို့မချစ်တာလဲ|| Begging a little love ||
Fanfictionကိုကို ဘာလို့ မချစ်တာလဲ...