18.

3.9K 378 48
                                    

"လက်ကဘာဖြစ်တာလဲ"

အိမ်ရှေ့မှာ ထွက်ပြီး ဂိမ်းဆော့နေတုန်း ကိုကိုက ရောက်လာသည်။ ကားပေါ်က ဆင်းသည်နှင့် သူ့လက်ကို မြင်ပြီး အပြေးအလွှားလာမေးသည်။

"ဓားထိမိတာ"

"များလား"

"ဟင့်အင်း နည်းနည်း"

"ဘာလုပ်ထားလဲ ခု"

"အရက်ပြန်နဲ့ဆေးပြီး ပတ်တီးစည်းထားတာ"

"ကျစ်... ရိပေါ်ကကွာ နမော်နမဲ့နဲ့"

ကိုကိုက အစ်မရိဟွာနှင့် ချွဲနွဲ့ခဲ့တာ အရှိန်မသေသေးဘူးထင်၏။ သူ့လက်ကိုကြည့်ပြီး မအီမသာရုပ်နှင့် ပြောသည်။

"ဘာမှမဖြစ်ပါဘူး"

"ကိုယ့်ကို ပြ"

လက်က ဆွဲယူသွားသည့်နောက်ပါသွားသည်။ ပြီးနောက်ကိိုကိုက ပတ်တီးကို ခပ်ဖြည်းဖြည်းဖြေရင်း ကြည့်တော့ ချက်ချင်းကို ပျက်ယွင်းသွားသည့်မျက်နှာ။

"ဒါက နည်းနည်းလားရိပေါ်"

ရှောင်းကျန့်ဆူချင်သွားသည်။ ပဲ့ထွက်သွားသည့် ဓားရာကနည်းတာမှ မဟုတ်သည်ကိုပင်။

"မင်းကို အချိန်ပိုင်းမလုပ်စေချင်တော့ဘူး"

"ကျွန်တော်အဆင်ပြေပါတယ်...  "

"ငါမပြေဘူး..."

ရိပေါ် ဘာမှပြန်မပြောမိ။ မျက်ဝန်းတွေကိုသာ ငေးနေမိသည်။ စိတ်ပူနေသည့် အချိန်မှာ ကိုကို့ရင်ခွင်ကြီးထဲသာဝင်ပြီး ဖက်တွယ်ပစ်လိုက်ချင်၏။

"ကိုကိုကလည်း"

"ကိုကိုက မလဲဘူး...  မင်းစကားနားမထောင်ရင် အိမ်ပြန်ခိုင်းမှာနော်"

ကိုကိုက ပြောရင်းဆိုရင်းနှင့်အိမ်ထဲဝင်သွားကာ အသေးစားဆေးသေတ္တာလေးထုတ်လာပြီး သူ့လက်ကို ဆေးထည့်ပေးပြန်၏။

"ဘာလို့ အဲ့လောက်ခေါင်းမာနေရတာလဲ... ငယ်ငယ်တုန်းကတော့ အော်လိုက်ရင်တောင် မျက်ရည်ဝဲတာ မင်းမဟုတ်တဲ့အတိုင်းပဲ"

"ခွိ"

"မရယ်နဲ့...  ရိပေါ်နော် မင်းမူပျက်နေတယ် ရည်းစားရနေတာလား"

ကိုကိုဘာလို့မချစ်တာလဲ|| Begging a little love ||Where stories live. Discover now