"နံပါတ် ၁၂ ကို ခေါက်ဆွဲ နှစ်ပွဲ ချမယ်!"
စျေးတန်းတွင် နံနက်ခင်း စျေးဝယ်သူများ မနက်စာလာရောက်စားသောက်သူများနှင့်ပြည့်ကျပ်လျက်ရှိသည်။
"မင်း ဘာစားမှာတုန်း"
"စီချွမ်ခေါက်ဆွဲပဲ"
"မနက်စောစောကို အစပ်တွေစား..."
ဆက်ပြောမည့်စကားလုံးများသည် ထိုသူ၏ အကြည့်တွင်ရပ်တန့်သွားရသည်။ သူငယ်ချင်းအချင်းချင်းတောင် ထိုသို့ကြောက်ရပါသည်။
"စီချွမ်ခေါက်ဆွဲနဲ့ ကြက်သားဖက်ထုပ်ပေါင်းတစ်ပွဲစီပေးပါ"
"ဒါပဲလား"
ရင့်သီးသည်ဟုလည်း မခေါ်... ချိုသာသည်လည်းမဟုတ်တဲ့ ထိုခပ်ပြတ်ပြတ် အမြင်ကပ်စရာအသံဟာ ကြားဖူးနေကျအသံလို ဖြစ်တာကြောင့် ဇွန်းခွက်တွင်ထည့်ထားသည့် ဇွန်းကိုယူရင်း တစ်ရှူးကြမ်းဖြင့်သုတ်နေသည့် ရှောင်းကျန့်၏ မျက်ခုံးတစ်ဖက်ပင့်တက်လျက်။
သတိတရ မော့ကြည့်တော့ ကျောခိုင်းထွက်သွားသည့် ပုံရိပ်ကိုသာမြင်ရသည်။
"ဘာဖြစ်လို့လဲ... မစားတော့ဘူးလား"
"မစားဘဲနေစရာလား"
သုတ်ပြီးသား တစ်ရှူးဟာ ယွီပင်းဆီသို့ လွင့်လာသည်။
မိုဘိုင်းဖုန်းကို ထုတ်လျက် ဝင်ထားသည့် စာများကိုစစ်ဆေးကြည့်နေသည်။ ကျောင်းပြီးထားသည်က နှစ်ပေါက်တော့မည်ဆိုသော်လည်း ကျောင်းတုန်းက မိန်းကလေးတချို့ဆီက ကလူ၏သော မြှူ၏သော စာတိုတွေဟာ ရှောင်းကျန့်ဖုန်းထဲ ရောက်လာဆဲ။
"မင်းမကြိုက်ရင် တခါတည်းပြောလိုက်ပေါ့... စိတ်မရှုပ်ဘူးလား"
"ဟင့်အင်းမရှူပ်ပါဘူး..."
ဖုန်းကို ပိတ်ပြီး အိတ်ကပ်ထဲ ပြန်ထည့်လိုက်သည်။
"မင်းကို ငါတကယ်နားမလည်ဘူး"
ရှောင်းကျန့်က မိန်းကလေးတွေကို တဖြုတ်ဖြုတ်ကြွေအောင်ခြွေချနိုင်သည့် အပြုံးပိုင်ရှင်ပင်။ ကောလိပ်တက်နေစဉ်ကာလမှာလည်း ရှောင်းကျန့်သာပါလျှင် လူစည်သည်မို့ ဘာပွဲလုပ်လုပ် ရှောင်းကျန့်ကိုသာ လာ၍ စည်းရုံးကြသည်မှာ ပုံမှန်ပင်။
YOU ARE READING
ကိုကိုဘာလို့မချစ်တာလဲ|| Begging a little love ||
Fanfictionကိုကို ဘာလို့ မချစ်တာလဲ...