"လူဆိုးလေးရယ် မာမားဘယ်လောက်တောင်စိတ်ပူနေရသလဲ"
ကြောက်သည်လည်းမဟုတ်ပေမယ့် ကုတ်ချောင်းကုတ်ချောင်းလေးလုပ်နေသည့် ရိပေါ်လေးကို သူ့မေမေက တွေ့တာနှင့် ပြေးဖက်တော့သည်။
ပါပါးကတော့ ဘာမျှမပြောပေမယ့် ဆူပူမည့်အရိပ်အရောင်တော့မရှိ။ မာမားကတော့ သူ့ကျောပြင်လေးကို စုန်ချည်ဆန်ချည် ပွတ်သပ်ပေးကာ သူ့အနားမှာ ထိုင်သည်။
"သူ့ပါပါးကတောင်ပြောနေတာ ချုံချင်းသွားသလားမသိဘူးဆိုပြီး... မဟုတ်ရင် ရှောင်းမိသားစုကို စိတ်ပူစရာဖြစ်မယ်ဆိုပြီး မဆက်သွယ်လိုက်တော့တာ"
ခေါင်းလေးငုံ့လို့ ထိုင်နေသည့်ရိပေါ်က သူ့လက်လေးတွေသူ ဆုပ်လိုက်ဖြည်လိုက်နှင့် တစ်စုံတစ်ခုကို တွေးဆဆလေးနေရှာသည်။
"ကလေးက အများကြီးလိမ္မာရှာပါတယ်"
ကိုကို့မာမားထောက်ပေးသည့်စကားကြောင့် ရိပေါ် မျက်လုံးလေးဝင့်ကြည့်လိုက်သည်။ ကိုကို့မာမားဘေးမှာထိုင်နေသည့် ကိုကိုကတော့ ခပ်ပြုံးပြုံးနှင့် သူတို့ကို ကြည့်သည်။
"ကျန့်ကျန့်လေးက အများကြီးအရွယ်ရောက်လာပြီ ကြည့်ဦး... ငယ်ရုပ်မပျောက်ပေမယ့် လမ်းတွေ့ရင်တော့ မှတ်မိမှာမဟုတ်ဘူး"
ကိုကိုက ခေါင်းလေးငုံ့လို့ ဟက်ခနဲ အသံပြုရင်း ရယ်သည်။ ရိပေါ်မှာတော့ ငေးခနဲ။
"အလုပ်အရေးမကြီးသေးဘူးဆိုလည်း နားနားနေနေ နေပြီးမှပြန်ကြလေ... ဒီမှာ အေးအေးဆေးဆေးနေရစ်ကြဦးပေါ့"
ကိုကို့မာမားရဲ့ စကားကြောင့် ရိပေါ်၏ မိဘတွေဟာ ချုံချင်းမှာ ငါးရက်နေထိုင်ဦးမည်ဖြစ်ကြောင်းနှင့် မတွေ့ကြရသည့် နှစ်အပိုင်းအခြားတွေမှာဖြစ်ပျက်ခဲ့သမျှ ဟိုသည် ဆွေးနွေးကြသည်။
ရိပေါ်ကတော့ ကိုကိုလက်တို့ခေါ်ရာ လိုက်သွားပြီးနောက်တော့ ကိုကို့ရဲ့ မြေခွေးလေးဆီကို ရောက်ရှိသွားသည်။
•
•
•
"ကိုကို ဘယ်လိုဖြစ်ပြီး ဒီဆိုင်လေးဖွင့်လိုက်တာလဲ"
YOU ARE READING
ကိုကိုဘာလို့မချစ်တာလဲ|| Begging a little love ||
Fanfictionကိုကို ဘာလို့ မချစ်တာလဲ...