"ကောင်လေး ရော့... ဒါထည့်လိုက်ဦး"
မဆံ့မပြဲဖြစ်နေသည့် စျေးခြင်းကို သူ့ကိုဆွဲခိုင်းကာ စျေးတစ်ပတ်ပတ်သည့် ဆိုင်ရှင်ဘွားတော်ပင်။
"ရှီဘားလ်"
ကိုရီးယားစကားအနည်းငယ် လေ့လာထားသည့်အလျောက် အလိုလိုထွက်မိသည်က ထိုစကား။
"ဘာကြီး"
စျေးခြင်းတောင်းဆွဲထားသည့် ဝမ်မျိုးရိုးကောင်လေးက ပြူးကြည့်ပြီးခေါင်းခါပြသည်။ တစ်ခါတရံ အရိုင်းအစိုင်းလေးဖြစ်သော်လည်း အနေအေးသည့် ကောင်ပေါက်စလေးပင်။
"သေချာကိုင်ထား အသားထုပ်တွေ ပြုတ်ကျမယ်"
လေးလံလွန်းသည့် ခြင်းတောင်းကြီးကို လက်နှစ်ဖက်နှင့် ဆွဲရုံသာမက ဗိုက်နှင့်ပင် ထောက်ထားရသည်။
"အီးရား"
ဟင်းသီးဟင်းရွက်သည်ရှေ့ စျေးစစ်နေသည့် အဒေါ်ကြီးကိုကြည့်ပြီး ခြင်းတောင်းကို ဗိုက်နှင့်ထပ်ထောက်က အပေါ်ဆွဲတင်လိုက်ရင်းနှင့် အနောက်က ဖြတ်သွားသည့် လူနှင့်တိုက်မိ၏။
"ဟာ... မှောက်ကုန်တော့မှာပဲ"
တဖက်က လက်ဖက်ရည်ကို အိတ်နှင့်ထည့်ကာ ဝယ်လာသည်ထင်၏။ သူတိုက်မိလိုက်သည်နှင့် လှုပ်ခတ်သွားသည့် အိတ်ထဲက လက်ဖက်ရည်တွေကြောင့် ခပ်မာမာထအော်သည်။
"ဆောရီး မမြင်လို့"
"မှောက်သွားရင် အလျော်ပေးမလား... ကန်းနေလားမသိဘူး"
"ဘယ်နောက်စေ့မှာ မျက်စိပါလို့လဲ"
ဝမ်ရိပေါ်က စျေးခြင်းကြီးတကားကားနှင့် ထိုသကောင့်သားကို ပြန်မေးသည်။ ရင်းနှီးသည်ဟုထင်မှတ်ရသော ဆံပင်ကောက်ကောက်နှင့် ခပ်ထူထူသောမျက်ခုံး အနည်းငယ်မှေးစင်းသော မျက်ဝန်းအိမ်နှင့်တကွ ခပ်ပါပါးနှုတ်ခမ်း။
"ထောင်ထောင်တို့ကတော့ ဇာတ်လမ်းစပြန်ပြီလား"
သူတို့ရှေ့တွင်ရှိသော စျေးကုန်မာဆိုင်က အဒေါ်ကြီးက လှမ်းအော်သည်။
"ထောင်ထောင်?"
"ဟုတ်တယ် ငါ့နာမည် ထောင်ထောင်... "
YOU ARE READING
ကိုကိုဘာလို့မချစ်တာလဲ|| Begging a little love ||
Fanfictionကိုကို ဘာလို့ မချစ်တာလဲ...