"အားယွဲ့... နင့်ဘဲက လာမှာသေချာလို့လား"
ရှောင်းကျန့်တို့ ကားဂိတ်ရှေ့မှာ စောင့်နေတာ တစ်နာရီလောက်ရှိနေပြီဖြစ်၏။
"လာမှာပါ... ကောကလည်း စိတ်ရှည်ပါ"
"ငါ ကားပဲသွားငှားလိုက်ရမလား... အချိန်မတိကျတာလောက် ငါ စိတ်တိုတာမရှိဘူးနော် အားယွဲ့"
"သူလာမယ်လို့ပြောသွားပါတယ် ကောရဲ့... စိတ်လျှော့ပါနော် "
အားယွဲ့က ရှောင်းကျန့်တကယ်စိတ်တိုနေတာကြောင့် မစ,နောက်ရဲတော့ပေ။ လာမခေါ်သေးသည့် ရည်းစားတော်မောင်ကိုသာ စာတွေ အဆက်မပြတ်ပို့နေရသည်။
"ဟော ဟိုမှာ လာပြီ လာပြီ"
ကားမောင်းလာသည့် တစ်ယောက်က ဝတ်ပုံစားပုံကြည့်ရတာတော့ ရိုးရိုးကလေးနှင့်ပင်။
"ကော... ဒါ အားယွဲ့ ချစ်သူ ဟယ့်ဝေတဲ့"
"အင်း... "
"ကျွန်တော့် အိမ်က လူကြီးတွေကို လေယာဉ်ကွင်းလိုက်ပို့ပေးတာနဲ့ နောက်ကျသွားတယ်... ဆောရီးပါ ကော"
"ရတယ် ရတယ် အခုရောက်လာပြီပဲ"
"ဟို"
"သွားမယ်လေ... ပေါင်ပေ့ခြေထောက်တွေ ညောင်းနေပြီ"
အားယွဲ့က အကဲခတ်တတ်သူပီပီ လျှာရှည်ဖို့ပြင်နေသည့် ဟယ့်ဝေကို လက်ကို အသာကုတ်ကာ အချက်ပြတော့မှာ အထုပ်တွေကားပေါ်တင်လို့ တည်းခိုမည့် ဟိုတယ်သို့သွားကြသည်။
"အရင်က လော့ရန်ကိုရောက်ဖူးလား ကော"
ကားထဲက တိတ်ဆိတ်နေသည့် လေထုကို ဖြိုဖျက်လိုက်သည်က ဟယ့်ဝေ။ မျက်မှောင်ကြီးတွန့်လို့ အတန်ကြာသည်အထိ မကြည်မလင်ဖြစ်နေသည့် ယောက်ဖကို ကြည့်ရတာ ဟယ့်ဝေအတွက်တော့စိတ်မသက်သာလှ။
"အင်း မရောက်ဖူးဘူး"
"ဪ... "
ခပ်ပြတ်ပြတ်အဖြေကြောင့်ဟယ့်ဝေလည်း ဆက်မမေးရဲ။ ကားကိုသာ ဂရုစိုက်မောင်းနေလိုက်သည်။
•
•
•
"ကျောင်းက ပြန်လာတာမကြာသေးဘဲ... နားဦးလေ "
YOU ARE READING
ကိုကိုဘာလို့မချစ်တာလဲ|| Begging a little love ||
Fanfictionကိုကို ဘာလို့ မချစ်တာလဲ...