"ခေါက်ဆွဲအတွက် ကျွန်တော်ဂျုံနှယ်ပြီးသား ဖန်းေကာ... "
"မင်းကလည်း ကောရောက်မှ နယ်မှာပေါ့... "
"ခေါက်ဆွဲသားက တစ်ညထားရင် ပိုပြီး နူးအိတယ်ဆိုလို့"
"ဟုတ်ပါပြီဗျာ... ဒါနဲ့ ငါ့မိန်းမက မင်းပေးလိုက်တဲ့ လက်ဆောင်တွေကို အားနာနေတာ ။ သားကလည်း ဆိုင်ကယ်ကို ကြိုက်မှကြိုက် အဲ့ပေါ်က ဆင်းကိုမဆင်းတော့ဘူး"
ဖန်းကောကို ကြိုဆိုတဲ့အနေနဲ့ရော ကျေးဇူးတင်တဲ့ အနေနဲ့ပါ ရိပေါ်က လက်ဆောင်ပို့ပေးထားခြင်းပင်။ သားလေးတစ်ယောက် ရှိတာမို့ ကလေးချစ်သူပီပီ ရိပေါ်က လက်ဆောင်လေးကို ရှာရှာဖွေဖွေစဉ်းစားကာ ဝယ်ပေးတတ်သည်။
"ကြီးကြီးမားမားမှမဟုတ်ဘဲ အားမနာပါနဲ့"
"ဧည့်သည်လာတယ်ထင်တယ်"
ဖန်းကောမှာ ဆိုင်ရှေ့တံခါးက အသံကြောင့် သတိပေးတော့ ရိပေါ်တစ်ယောက် မှတ်စရာစာရွက်နှင့် မီနူးစာအုပ်တွေကို ပိုက်ကာ မီးဖိုချောင်က ထွက်သည်။
"ကြိုဆိုပါတယ်"
ဧပရွန်ခါးစည်းကြိုး လျော့နေတာကြောင့် ဘေးနားက ကောင်တာပေါ် စာအုပ်တွေတင်ရင်း ငုံ့ချည်လိုက်သည်။ အမြန်တင်လိုက်သည့် စာအုပ်ဟာ ကောင်တာပေါ်မှာ မမြဲ၊ အောက်သို့ လျှောကျသည့်အခါ ခုနက ဝင်လာသည့် လူက အနားလာလို့ ကောက်ပေးသည်။
"ကျေးဇူးပါ ဧည့်သည်"
"ဟင်..."
ရိပေါ် မျက်ဝန်းများပြူးကျယ်သွားရသည်။ လက်ဖဝါးမှ ပျံလာသည့် ချွေးများကို ယုတ်ချည်းဆိုသလိုခံစားရသည်။
မာမားနှင့် ပါပါးက စျေးဆင်းနေတာကြောင့် ဆိုင်မှာ ရိပေါ်နှင့် မီးဖိုခန်းထဲက ဖန်းကောသာရှိသည်။ ဘယ်အနားပြေးပုန်းလို့ပုန်းရမယ်မသိ... ရိပေါ် အပြင်ပန်းက ငြိမ်နေပေမယ့် ရင်ဘတ်ထဲက ပြာယာခတ်နေသည်။
တွေ့လျှင် မသိချင်ယောင်ဆောင်လိုက်မည်၊ စကားမပြောဘဲ နေလိုက်မည်ဟု အမြဲတွေးနေသော်လည်း တကယ်ကြီး တွေ့လိုက်ရတော့ ဘာလုပ်ရမည်မှန်းမသိ။
"အဟင်း... ဘာသုံးဆောင်မလဲ မသိဘူးခင်ဗျ"
ရိပေါ်က တတ်နိုင်သမျှ ထိန်းသိမ်းပြီး ဟန်မပျက်အောင် မေးမြန်းလိုက်သည်။ စားပွဲမှာ ပြန်ထိုင်သည့် ရှောင်းကျန့်ဟာ အနည်းငယ်ဝလာသည်။ ချောမောမှုကတော့ အရင်တိုင်းပင်။ သူ့ကိုလည်း ပေါက်ထွက်မတတ်စိုက်ကြည့်နေပြန်သည်။
YOU ARE READING
ကိုကိုဘာလို့မချစ်တာလဲ|| Begging a little love ||
Fanfictionကိုကို ဘာလို့ မချစ်တာလဲ...