မနေ့က တနေကုန်လုံး စကားမပြောသည့် ပုလုံးက နောက်တစ်နေ့ကူးတော့ တဟီးဟီးဖြင့်သူ့အခန်းရှေ့မှာ လာစောင့်နေသည်။
အားယွဲ့ကတော့ အသားကိုချုပ်ရတဲ့အထိ ကွဲသွားတာမဟုတ်ပေမယ့် လန့်ဖျားဖျားသွားတာကြောင့် သူတို့အိမ်ကိုသာ ပြန်သွားကြဖို့ ရွေးချယ်လိုက်သည်မို့ မနက်အစောကြီးကတည်းက ထွက်သွားကြပြီဖြစ်သည်။
ယခုလည်း သူတောင် အိပ်ရာနိုးစပဲရှိသေးသည်။ အတန်းဖော်တွေခေါ်ကြသလို ပေါက်စီလုံးက သူ့အခန်းရှေ့မှာ မွှေးမွှေးကြိုင်ကြိုင်နှင့် ပြုံးဖြီးလို့လာရပ်နေသည်။
"ဘာလဲ"
"ဂုမောနင်း"
ရှောင်းကျန့်၏လက်ကို လာဆွဲပြီး အနားကို လာယှဉ်ရပ်သည်။
"မနက်စာနောက်ကျမယ်တဲ့ ကိုကို့မာမားက လာခေါ်ခိုင်းတာ"
"မင်းက သိပ်လာချင်နေတာမလား"
"ဟမ်... ဘာကြီး"
ဝမ်ရိပေါ်၌ အကျင့်လေးတစ်ခု ပေါ်နေသည်မှာရက်ပိုင်းရှိပြီ။ လူကြီးကမေးလိုက်တိုင်း သူမဖြေချင်ရင် ဘာကြီးဆိုပြီး ပြန်မေးတတ်သည်သာ။
"ငါ့လက်ကိုလွှတ်... လာခဲ့မယ်လို့ပြောလိုက်"
ဂျိန်း*
အခန်းတံခါးက မြန်မြန်ပိတ်သွားသည်။
ကိုကိုလာမည်လို့ ပြောလိုက်တာကြောင့် ရိပေါ်လေးကျေနပ်ပါသည်။ အိမ်အပေါ်ထပ်မှာရှိတဲ့ ကိုကို့အခန်းမို့ အပေါ်တက်အောက်ဆင်းလုပ်ရင် လှေကားကို ဖြတ်ရသည်။
ပြုတ်ကျမှာစိုးပေမယ့် စွန့်စားချင်စိတ်ပိစိလေးကြောင့် မတ်တပ်ကလေးရပ်ရင်း လက်သီးလေးတွေဆုပ်ကာ ဆင်းသည်။
ပြုတ်ကျရင် နာနာဖြစ်မှာဟု မာမားကလည်း သတိပေးထားသည်ကြောင့် ဝမ်ရိပေါ်လေးက ဖြည်းဖြည်းမှန်မှန်လေး အောက်ဆင်းလာသည်။
"ကိုကို့မာမားရေ... ကိုကိုက လာမယ် တဲ့"
"သားကို အော်သေးလား"
"အော်ပါဘူး... ကိုကို ဒီနေ့ လိမ္မာပါတယ်"
ပေါင်မုန့်မီးကင်စက်ကို စောင့်နေရင်း အလည်လေး ပေါက်စရဲ့ အပြောတစ်ချို့ကြောင့် ရှောင်းကျန့်ရဲ့ မာမားမှာ သဘောတကျ ပြုံးရသည်။
YOU ARE READING
ကိုကိုဘာလို့မချစ်တာလဲ|| Begging a little love ||
Fanfictionကိုကို ဘာလို့ မချစ်တာလဲ...