26.

4.1K 373 43
                                    

ရှောင်းကျန့်က အိပ်ရာပြောင်းသည်မို့ မကြာခဏနိုးသည်။ နိုးတဲ့အချိန်တိုင်း၌လည်း အောက်ဘက် ကုတင်က လာသည့် ဟောက်သံ သေးသေးလေးကြောင့် ပြုံးမိသည်မှာအခါခါ။

မနေနိုင်မထိုင်နိုင်နှင့် ခေါင်းထွက်ကာ အောက်ဘက်ကုတင်ကို ငုံ့ကြည့်မိတော့ လက်ကလေးတစ်ဖက်က မြှောက်လျက်သားနှင့် တစ်ဖက်က ခြုံထားသည့် စောင်ပေါ် လက်လေးတင်ကာ ပါးစပ်လေး ခပ်ဟဟနှင့် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသည်

မြှောက်ထားသည့် လက်ဖျံတွင်လည်း ခြင်ကိုက်ရာ ရဲရဲလေးက ရှိနေသေး၏။ ညအိပ်မီးလေး ထွန်းထားသည်ကြောင့် မျက်နှာဖွေးဖွေးလေးကိုပါ ပေါ်ပေါ်လွင်လွင်မြင်ရသည်။

ရှောင်းကျန့် သဘောတကျပြုံးမိရသည်။

"ချစ်စရာလေး"

တိုးတိုးတိတ်တိတ် ရေရွတ်ပြီးနောက်တော့ ထပ်မံအိပ်ပျော်ရန် ကြိုးစားလိုက်ရသည်။

ရိပေါ်က နှိုးစက်မလို။ စောစောထနေကျမို့ မနက် ငါးနာရီခွဲဆိုတာနှင့် မျက်လုံးတွေက အလိုအလျောက်ပွင့်ပါသည်။

ညက ကိုကိုပြောထားသည်ကို သတိရသည်ကြောင့် ကိုကို့ကိုလည်း နှိုးရမည်ကို သတိထားနေရသည်။

အခန်းပြင်ထွက်ပြီး မီးဖိုချောင်ကပ်လျက်က ရေချိုးခန်း၌ မျက်နှာသစ် သွားတိုက်ပြီးနောက်တော့ မာမားမနက်စာပြင်နေသည်ထဲက ကန်စွန်းဥပြုတ်တစ်ကိုက်စာလောက် နှိုက်စားခဲ့သေးသည်။

"အားကျန့်နိုးပြီလား... "

"ဟင့်အင်း...  အစောကြီးပဲရှိသေးတာကို"

"အေးဆေးအိပ်ပါစေလို့ ပြောမလို့ပါ ငါ့သားရယ်"

ရိပေါ်က မျက်လုံးပြူးပြူးလေးလုပ်ကာ ကြည့်နေပြန်သည်။

"နှိုက်စားမနေနဲ့တော့...  ဗိုက်ဆာရင် စားတော့လေ"

"အစောကြီးပဲ...  လမ်းလျှောက်တာ အဖော်လိုက်သွားပေးဦးမယ်"

"အဲ့ဒါဆိုလည်း အိုကေ"

မာမားက ဟင်းရွက်တွေဆေးရင်း ကျန်ခဲ့သည်။ ရိပေါ်ကတော့ သူ့အခန်းကိုပြန်ဝင်သွားသည်။

ကိုကိုဘာလို့မချစ်တာလဲ|| Begging a little love ||Where stories live. Discover now